Connect with us

Hi, what are you looking for?

News

အာဆီယံထိပ်သီးညီလာခံကို မင်းအောင်လှိုင် တက်ခွင့်ပြုမှာမဟုတ်ဟု အလှည့်ကျဥက္ကဌဘရူနိုင်းထုတ်ပြန်

ကျယ်ပြန့်တဲ့ဆွေးနွေးမှုတွေအပြီးမှာ (၃၈) ကြိမ်နဲ့ (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်း အဝေးတွေကို တက်ရောက်ဖို့ မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားပြုသူ(political representative)အတွက် ဘုံသဘောတူညီချက်မရရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

-နိုင်ငံရေးနဲ့မပတ်သက်သူကိုယ်စားလှယ်ကို ဖိတ်ကြားသွားမယ်လို့ဆို

လာမယ့် အာဆီယံထိပ်သီးညီလာခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုမှာမဟုတ်ဘဲ Non-political Representative (နိုင်ငံရေးနဲ့မပတ်သက်သူကိုယ်စားလှယ်) ကို ဖိတ်ကြားသွားမယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ဆုံးဖြတ်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ်အစည်း အဝေးကို မနေ့ကကျင်းပခဲ့ပြီး အဲဒီ အစည်းအဝေးနဲ့ပတ်သက်လို့ အလှည့်ကျဥက္ကဌ ဘရူနိုင်းက ထုတ်ပြန်ကြေညာရာမှာ ဖော်ပြထား တာဖြစ်ပါတယ်။

ဒါပေမဲ့ အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံရဲ့ပြည်တွင်းရေး မစွက်ဖက်ရေးမူဝါဒကို ထပ်လောင်းအတည်ပြုခဲ့ပြီး မြန်မာနိုင်ငံပြည်တွင်းရေး ပုံမှန်အခြေအနေပြန်လည်ရရှိဖို့ အချိန်ပေးရမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လာမယ့် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ NUG ကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပေးဖို့ တောင်းဆိုချက်တွေကို အဖွဲ့ဝင်နိုင်ငံအချို့က လက်ခံရရှိထားပြီး အဲဒီအချက်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မှတ်သားထားတယ်လို့ဆိုပါတယ်။

ကျယ်ပြန့်တဲ့ဆွေးနွေးမှုတွေအပြီးမှာ (၃၈) ကြိမ်နဲ့ (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်း အဝေးတွေကို တက်ရောက်ဖို့ မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားပြုသူ(political representative)အတွက် ဘုံသဘောတူညီချက်မရရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာစစ်ကောင်စီဟာ ဧပြီမှာ အာဆီယံခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ သိသာတဲ့တိုးတက်မှုမရှိခဲ့ဘူးလို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက သတ်မှတ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။