Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဆီယံထိပ်သီးညီလာခံကို မင်းအောင်လှိုင် တက်ခွင့်ပြုမှာမဟုတ်ဟု အလှည့်ကျဥက္ကဌဘရူနိုင်းထုတ်ပြန်

ကျယ်ပြန့်တဲ့ဆွေးနွေးမှုတွေအပြီးမှာ (၃၈) ကြိမ်နဲ့ (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်း အဝေးတွေကို တက်ရောက်ဖို့ မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားပြုသူ(political representative)အတွက် ဘုံသဘောတူညီချက်မရရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

-နိုင်ငံရေးနဲ့မပတ်သက်သူကိုယ်စားလှယ်ကို ဖိတ်ကြားသွားမယ်လို့ဆို

လာမယ့် အာဆီယံထိပ်သီးညီလာခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုမှာမဟုတ်ဘဲ Non-political Representative (နိုင်ငံရေးနဲ့မပတ်သက်သူကိုယ်စားလှယ်) ကို ဖိတ်ကြားသွားမယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ဆုံးဖြတ်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ်အစည်း အဝေးကို မနေ့ကကျင်းပခဲ့ပြီး အဲဒီ အစည်းအဝေးနဲ့ပတ်သက်လို့ အလှည့်ကျဥက္ကဌ ဘရူနိုင်းက ထုတ်ပြန်ကြေညာရာမှာ ဖော်ပြထား တာဖြစ်ပါတယ်။

ဒါပေမဲ့ အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံရဲ့ပြည်တွင်းရေး မစွက်ဖက်ရေးမူဝါဒကို ထပ်လောင်းအတည်ပြုခဲ့ပြီး မြန်မာနိုင်ငံပြည်တွင်းရေး ပုံမှန်အခြေအနေပြန်လည်ရရှိဖို့ အချိန်ပေးရမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လာမယ့် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ NUG ကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပေးဖို့ တောင်းဆိုချက်တွေကို အဖွဲ့ဝင်နိုင်ငံအချို့က လက်ခံရရှိထားပြီး အဲဒီအချက်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မှတ်သားထားတယ်လို့ဆိုပါတယ်။

ကျယ်ပြန့်တဲ့ဆွေးနွေးမှုတွေအပြီးမှာ (၃၈) ကြိမ်နဲ့ (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်း အဝေးတွေကို တက်ရောက်ဖို့ မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားပြုသူ(political representative)အတွက် ဘုံသဘောတူညီချက်မရရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာစစ်ကောင်စီဟာ ဧပြီမှာ အာဆီယံခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ သိသာတဲ့တိုးတက်မှုမရှိခဲ့ဘူးလို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက သတ်မှတ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်၍ စစ်ရာဇဝတ်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်၊ လိုအပ်သည့် နောက်ဆက်တွဲ ကာကွယ်မှုများ၊ ကူညီ ပံ့ပိုးမှုများပေးအပ်နိုင်ရန် တိုင်ကြားနိုင်မည့် နည်းလမ်းများကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

ဒီဇင်ဘာ ၁ရက် နံနက် ၈နာရီကျော်တွင် သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်(၃)လမ်းရှိ ဦးသန်းထွန်း၏ နေအိမ်၌ ပစ်ခတ်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။