Connect with us

Hi, what are you looking for?

သတင်း

မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းတွင်တိုက်ပွဲဖြစ်နေ

အရေးကြီးကိစ္စမရှိပါက ခရီးမထွက်ရန် ပကဖသတိပေး

တနင်္သာရီတိုင်းမှ PDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TDF

မိထက်၊​ကျော​ဇော/People’s Spring

မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမ‌ကြီးပေါ်တွင် တိုက်ပွဲဖြစ်ပွားနေ၍ ခရီးသွားပြည်သူများ အထူး သတိရှိကြရန်နှင့် အရေးကြီးကိစ္စမရှိပါက ခရီးမထွက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးသည်။

အဆိုပါလမ်းပိုင်း၌ တိုက်ပွဲဖြစ်နေသည်မှာ ၂ ရက်ရှိပြီဖြစ်ပြီးခရီးသွားပြည်သူများအတွက်အန္တရာယ်ကြီးကြောင့် တနင်္သာရီမြို့ နယ်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” စကစ ဟာ လမ်းပေါ်မှာ ပစ်ခတ်ခံရပြီဆိုတာနဲ့ ခရီးသွားကားတွေကို အကာအကွယ်ယူတာမျိုး အမြဲလုပ်နေတာကြောင့် ခရီးသွားပြည်သူများအတွက် အလွန်အန္တရာယ်ကြီးပါတယ်။အရေးကြီးကိစ္စမရှိရင် ဒီရက်ပိုင်း ခရီးမထွက်ကြဖို့ ပန်ကြားလိုပါတယ်”ဟု ၎င်းက သတိပေးသည်။

Public Service Announcement

Public Service Announcement

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးကလည်း “စကစဘက်က ပြည်ထောင်စုလမ်းမကြီးတစ်ခုလုံးကို လမ်းကင်းတွေ ချထားတယ်။ ဒီရက် ပိုင်းမှ ထပ်တိုးချထားတာ”ဟု ပြောသည်။

တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လလယ်မှစ၍ စစ်ကောင်စီကစစ်ကြောင်းထိုးနေပြီး သြဂုတ်လဆန်းမှစ၍ စစ်ရေးတင်းမာနေကာ စစ်ကောင်စီကလေ ကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့် ဇူလိုင် ၁၈ရက်ကစပြီး လယ်သစ်ကျေးရွာဘက်သို့ အင်အား၂၀၀‌ခန့်ဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူ‌စောထီးများကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူး ပေါင်းစစ်ကြောင်း(၂)မှ သြဂုတ် ၄ရက်အထိတိုက်ခိုက်မှု (၁၁)ကြိမ်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

တနင်္သာရီမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ် မြေမှ သကျက်တောင်ဘိန်၊ ဆင် ခေါင်းဘုရားတောင်၊ ဂဏန်းကွင်းကျေးရွာများကို ယမန်နေ့(သြဂုတ် ၇ ရက်)နေ့လယ် ၂ နာရီခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။