Connect with us

Hi, what are you looking for?

သတင်း

သံတွဲထောင်မှနိုင်ကျဉ်း ၄၁ဦးအား AA ကယ်ထုတ်ပြီးမိသားစုနှင့်​နေအိမ်များထံပြန်ပို့​ပေး

အကျဉ်းသား ၃၇၀ ကျော်ကို ကယ်ထုတ်စဉ် စစ်ကောင်စီ လက်နက်ကြီးကြောင့် နိုင်/ကျဉ်း ၂ဦး အပါအဝင် ၇ဦး သေဆုံးဟု အသိပေး

အာရက္ခတပ်​တော်-AAကယ်ထုတ်ပြီး ​နေအိမ်ပြန်ပို့​ပေးခဲ့​သော နိုင်ငံ​ရေးအကျဥ်းသားများစာရင်း

ဟန်နွေ/People’s Spring

ရက္ခိုင်ပြည်နယ် သံတွဲ အကျဉ်းထောင်တွင် စစ်ကောင်စီမှ နိုင်ငံရေးပုဒ်မဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှုစသော ရာဇဝတ်မှုအသီးသီး ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေကြသော အကျဉ်းသား (၃၇၂) ဦးကို ဘေးလွတ်ရာသို့ ကယ်ထုတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများအား ၎င်းတို့၏ မိသားစုနှင့် နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ယနေ့ သတင်းထုတ်ပြန်သည်။

သံတွဲရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုတို့အား ဇူလိုင် ၂၆ရက်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ရာ သံတွဲ အကျဉ်းထောင်၌ ပိတ်မိနေသည့် အကျဉ်းသားများကို ဘေးကင်းရာသို့ ကယ်ထုတ်ခဲ့သည်ဟုဆိုသည်။

(အာရက္ခတပ်​တော်-AAကယ်ထုတ်ပြီး ​နေအိမ်ပြန်ပို့​ပေးခဲ့​သော နိုင်ငံ​ရေးအကျဥ်းသားများစာရင်း)

Public Service Announcement

Public Service Announcement

ထိုသို့ ကယ်ထုတ်နေစဉ်အတွင်း အကျဉ်းသား စုစုပေါင်း (၃၇၂) ဦးအနက် (၇) ဦးမှာ စစ်ကောင်စီ၏ လက်နက်ကြီးစထိမှန်ပြီး (၅) ဦးသေဆုံးခဲ့ကာ ကျန် (၂) ဦးသည်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ်မှာပင် သေဆုံးသွားခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ အကျဉ်းသားများထဲ၌ နိုင်/ကျဉ်း ၄၃ ဦး ပါဝင်ရာ ၂ဦး သေဆုံးသွား၍ ကျန် ၄၁ဦးထဲမှ ကျန်းမာရေး စောင့်ရှောက်ရန် အရေးတကြီး လိုအပ်သူများကို ကောင်းမွန်စွာ စောင့်ရှောက်မှု ပေးခဲ့ကြောင်း အသိပေးသည်။

ယခင်ရက်များ၌ ရန်သူ၏ ပင်လယ်ပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်း အပြင် လက်နက်ဖြင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား လိုက်လံရှင်းလင်း နေရခြင်းနှင့် လတ်တလော ရေကြီးနေမှုများကြောင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ဘေးကင်းလုံခြုံရာတွင် ခေတ္တနေရာချထားခဲ့ရပြီး ယခုအချိန်တွင် လုံခြုံရေးအာမခံချက် အတိုင်းအတာတစ်ခုထိ ရှိပြီဖြစ်သောကြောင့် ဩဂုတ် ၆ရက်တွင် မိသားစုများထံ ပြန်ပို့ပေးနေပြီဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

အဆိုပါ အကျဉ်းသား (၄၁) ဦးအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက်များ ကောက်ယူစိစစ်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများအရ လိုအပ်သည့် ကျန်းမာ‌ရေးစောင့်ရှောက်မှုများနှင့် အရေးပေါ် လိုအပ်လျက်ရှိသော စားဝတ်နေရေး ထောက်ပံ့ကူညီမှုများကိုလည်း လုပ်ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

ထို့အတူ ရာဇဝတ်မှုကျုးလွန်ထားသော အကျဉ်းသားများအား မိမိတို့အနေဖြင့် ဆက်လက် ထိန်းသိမ်းထားလျက်ရှိကာ ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်လည်စစ်ဆေးလျက်ရှိပြီး တရားနည်းလမ်းကျကျ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”