Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဂူ​ဒေသတိုက်ပွဲစစ်သား ၉ဦးသေ၊ ၈ ဦးအရှင်မိပြီး သေနတ် ၁၉လက်သိမ်းဆည်းရရှိ

ရပ်စောက်မြို့နယ်တွင် ယနေ့ (သြဂုတ် ၈)တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် မှ ကိုးဦးသေဆုံးပြီး စစ်သုံ့ပန်း ရှစ်ဦးဖမ်းမိကာ သေနတ် ၁၉ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) မှ တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

ကျောက်ဂူ​​ ​ဒေသတိုက်ပွဲတွင် DPLA ကဖမ်းဆီးနိုင်ခဲ့​သောစစ်သုံ့ပန်း နှင့်သိမ်းဆည်းရရှိ​သောဘက်နက်ခဲယမ်းများ။ ဓါတ်ပုံ-DPLF/DPLA

မိထက်/People’s Spring

ရပ်စောက်မြို့နယ်တွင် ယနေ့ (သြဂုတ် ၈)တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် မှ ကိုးဦးသေဆုံးပြီး စစ်သုံ့ပန်း ရှစ်ဦးဖမ်းမိကာ သေနတ် ၁၉ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) မှ တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

ဩဂုတ်လ ၈ရက်​နေ့ နံနက် ၁၁ ခန့်မှစတင်၍ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်သား ကိုးဦးသေဆုံးကာ ရှစ်ဦးအရှင်ဖမ်းမိကာ လိုအပ်သောစစ်ဆေးမှုများပြုလုပ်နေသည်ဟု ၎င်းကရှင်းပြသည်။ထိုအပြင်စစ်ကောင်စီဘက်မှ အများအပြား ဒဏ်ရာရရှိခဲ့​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

“သေချာမေးမြန်းပြီး ထိန်းသိမ်းထားပါအုံးမယ်” ဟု စစ်သုံ့ပန်းများနှင့်ပတ်သက်၍ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA )တာဝန်ရှိသူကပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး ညနေ ၃နာရီ ၄၅ မိနစ်၌ ‌စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်းDPLF/DPLAက သတင်းထုတ်ပြန်ထားသည်။ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် မြေပြင်ထိခိုက်မှုအခြေအနေကိုမသိရှိရသေးပေ။

ရှမ်းပြည်နယ်တောင်ပိုင်ရပ်စောက်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ထိစပ်နေသည်။ စစ်ကောင်စီက ရက်စောက်မြို့မှတစ်ဆင့် ရှမ်းပြည်

နယ်မြောက်ပိုင်းသို့ အင်အားဖြည့်တင်းမှုများပြုလုပ်နေသည်။ ​တော်လှန်​ရေးတပ်များသိမ်းပိုက်ထား​သော ​နောင်ချိုမြို့နယ်သို့လည်းစစ်​ကောင်စီက ရှမ်း​​တောင်မှ တဆင့် စစ်ကူစစ်​ကြောင်းများပို့​နေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ မြို့အားလုံးနီးပါးသိမ်းပြီးချိန်တွင် စစ်​ကောင်စီ စစ်ကူစစ်​ကြောင်းများကိုပါ ​တော်လှန်​ရေးတပ်များက ဖြတ်​တောက်တိုက်လာပြီး စစ်ပွဲများမှာ ရှမ်း​တောင်တွင်ပါဖြစ်လာပြီဖြစ်သည်။

DPLF/DPLAသည်ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းရော ဒုတိယပိုင်းတွင်ပါ TNLA နှင့် ပူးတွဲပါဝင်တိုက်ခိုက်ခဲ့သည်။ TNLA ၊ မန္တ​လေး PDF တို့နှင့်အတူ DPLF/DPLA တပ်ဖွဲ့ဝင်များမှာ​နောင်ချိုမြို့သိမ်းတိုက်ပွဲတွင်ပါဝင် ဆင်နွှဲခဲ့ပြီး ​​​​​အောင်ပွဲရခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook