Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်တွင် တိုက်ပွဲထပ်ဖြစ်ပြီး စစ်ကောင်စီတပ် သုံးဦးသေ၊ တစ်ဦးအရှင်မိဟု PNLA ပြော

ဖမ်းမိစစ်သုံ့ပမ်းသည် စစ်မှုထမ်းသင်တန်းတက်ပြီး ဆီဆိုင်သို့ အပို့ခံရသည်မှာ တစ်လပင် မပြည့်သေးဟုဆို

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော ဒရုန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA

ဟန်နွေ/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် ဩဂုတ် ၁၀ရက်က တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဩဂုတ် လဆန်းကတည်းက စစ်ကြောင်းထိုးဝင်ရောက်လာ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဩဂုတ် ၆ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း၁၀လောင်း၊ လက်နက် ၁၀လက်နှင့် ဒရုန်း ၁စင်း PNLAနှင့် မဟာမိတ်များက သိမ်းရခဲ့သည်။ ဩဂုတ် ၇ရက်တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အလောင်း ၁၆လောင်း၊ လက်နက်အချို့ရရှိခဲ့သည်ဟု PNLAက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ် ဘက်က အလောင်း သုံးလောင်းကျန်ခဲ့သည်ဟု ခွန်ရိန်းယံက ပြောသည်။

” မနေ့က ဆီဆိုင်မြို့နယ် အရှေ့ဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီ အလောင်း ၃လောင်းကျန်ရှိပါတယ်သုံ့ပမ်း ၁ဦး သေနတ် MA1 တလက် ဒရုန်းတစင်း သိမ်းဆည်းရမိပါတယ်။ ဖမ်းမိတဲ့စစ်သုံ့ပမ်းက ရွှေဘိုမှာ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ပြီးနောက် ဆီဆိုင်ကို အပို့ခံရတာ တစ်လ မပြည့်သေးဘူးလို့ ထွက်ဆိုပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။

ထို့အပြင် ဩဂုတ် ၆ရက်မှ ၁၀ရက်အထိ ၅ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၃၀ဦးခန့်သေဆုံးကာ လက်နက်များ၊ ဒရုန်း ၂စင်း တို့ကို PNLA မဟာမိတ်တပ်များက သိမ်းရထားသည်။

စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းဥပဒေအရ စုဆောင်းထားသည့် တပ်သားသစ်များများ ရှေ့တန်းစစ်မြေပြင်သို့ ချက်ချင်းစေလွှတ်နေခြင်းမှ ၎င်းတို့အား သေတွင်းပို့လိုက်သည့် အခြေအနေမျိုးဖြစ်ကြောင်း ခွန်ရိန်းယံက ပြောသည်။

” အာဏာရူးမင်းအောင်လှိုင်က ကိုယ့်ကိုယ် သေတွင်းပို့နေတဲ့အချိန်မှာ ကိုယ်က မသေချင်ဘူးဆိုရင် ကိုယ်ကပါးနပ်မှရမယ်။ အဲဒီတော့ အတင်းခေါ်လို့ ပါသွားတာပဲ ဖြစ်ဖြစ် ပေါ်တာ ဆွဲလို့ ပါသွားတာပဲ ဖြစ်ဖြစ် ရှေ့တန်းအပို့ခံရတဲ့အချိန်မှာပဲ ဖြစ်ဖြစ် ဘယ်လိုအချိန်မှာပဲ ဖြစ်ဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေကို ကြိုးစားပြီးတော့ ဆက်သွယ်ပါ။ ဆက်သွယ်ရတာလည်း မခက်ခဲပါဘူး။ ပြီးတော့ ဘက်ပြောင်းခိုလှုံပါလို့ တိုက်တွန်းချင်တယ်”ဟု ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် မိမိအသက်နှင့် မိသားစုဘ၀ကို တန်ဖိုးထားပါက အဓမ္မကို စွန့်ခွာပြီး ဓမ္မဘက်ပြောင်းလဲရပ်တည်ကြရန် PNLA ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်