Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ၍ ပြည်သူများသတိထားရန် CDF မင်းတပ် သတိပေး

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်လေကြောင်းပျံသန်းမှုများ ဆက်တိုက်ပြုလုပ် နေ၍ လေကြောင်းသတိထားရန် ချင်းဒေသကာကွယ်ရေးတပ်(CDF) မင်းတပ်က ယနေ့ (ဩဂုတ် ၁၁ရက်)ထုတ်ပြန်သည်။

ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်နေသော စစ်ကောင်စီ​၏ တိုက်လေယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်လေကြောင်းပျံသန်းမှုများ ဆက်တိုက်ပြုလုပ် နေ၍ လေကြောင်းသတိထားရန် ချင်းဒေသကာကွယ်ရေးတပ်(CDF) မင်းတပ်က ယနေ့ (ဩဂုတ် ၁၁ရက်)ထုတ်ပြန်သည်။

မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများ ဆက်တိုက် ပြုလုပ်လျက်ရှိနေ၍ CDFမင်းတပ်က ပြည်သူများသို့ထပ်လောင်း အသိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ သတိပေးချက်ထုတ်ပြန်ပြီးနောက် ယနေ့ နေ့လယ် ၁၂နာရီခန့်တွင် မင်းတပ်မြို့တိုက်နယ်(၁)ဘက်ရှိ ကျေးရွာတစ်ရွာကို လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

ယနေ့ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း စာသင်ကျောင်း၊ အရပ်သားနေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း ဖော်ပြထားပြီး လူထိခိုက်မှုရှိ၊မရှိကို ဖော်ပြထားခြင်းမရှိပေ။

စစ်ကောင်စီသည် ဩဂုတ် ၃ရက် ညနေပိုင်းကလည်း မင်းတပ်မြို့အရှေ့ဘက်သို့ ရမ်းသမ်း၍ လက်နက်ကြီး ပစ်ခတ်ခဲ့၍ (၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးကာ ၅နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ဒေသသတင်းရင်းမြစ်က အသိပေးထားသည်။

“ယခုမနက် မင်းတပ်နယ်ဖြတ်ပြီး အနောက်ဘက်သို့ ဂျက်ဖိုက်တာများ ခပ်စိပ်စိပ်ပျံဝဲနေပါတယ်။ အစစအရာရာ ဂရုစိုက်ကြပါ”ဟု ဒေသခံက သတိပေးထားသည်။

စစ်ကောင်စီအနေဖြင့် မင်းတပ်မြို့နယ်ကို လေကြောင်း ၊လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလပ်လျက်ရှိရာ ၂၀၂၄ ပထမနှစ်ဝက် ၆လတာအတွင်း လေကြောင်း တိုက်ခိုက် မှု ၈၆ကြိမ်ပြုလုပ်ခဲ့၍ အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုများရှိခဲ့ဟု CDFမင်းတပ်က ထုတ်ပြန်ထားသည်။

(ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်နေသော စစ်ကောင်စီ​၏ တိုက်လေယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ – HKL-Mindat)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။