Connect with us

Hi, what are you looking for?

သတင်း

သူ့ရဲ့ ဝန်ကြီးချုပ်ရာထူး စွန့်လွှတ်ရမှု နောက်ကွယ်မှာ အမေရိကန် စွက်ဖက်မှုတွေ ရှိနိုင်တယ်လို့ ဟာဆီနာ စွပ်စွဲ

သူ့ကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားဖို့ အမေရိကန်က နောက်ကွယ်ကနေ ကြိုးကိုင် တွန်းအားပေးမှုတွေ ရှိခဲ့နိုင်တယ်လို့ ရှိတ်ခ်ဟာဆီနာက သူ့ရဲ့ မပြောဖြစ်ခဲ့တဲ့ မိန့်ခွန်းထဲမှာ စွပ်စွဲထားခဲ့ကြောင်း သိရပါတယ်။

သူ့ကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားဖို့ အမေရိကန်က နောက်ကွယ်ကနေ ကြိုးကိုင် တွန်းအားပေးမှုတွေ ရှိခဲ့နိုင်တယ်လို့ ရှိတ်ခ်ဟာဆီနာက သူ့ရဲ့ မပြောဖြစ်ခဲ့တဲ့ မိန့်ခွန်းထဲမှာ စွပ်စွဲထားခဲ့ကြောင်း သိရပါတယ်။

ပြည်တွင်းမှာ အစိုးရ ဆန့်ကျင်ရေး အုံကြွမှုတွေ အားကောင်းလာတဲ့နောက် ဟာဆီနာဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ထွက်ပြေး တိမ်းရှောင်သွားခဲ့ရပြီး သူ့ရဲ့ ၁၅ နှစ်ဆက်တိုက် ကြီးစိုးမှုကို အဆုံးသတ်ခဲ့ရပါတယ်။ အခုအခါ အိန္ဒိယမှာ ရောက်ရှိ ခိုလှုံနေတဲ့ ဟာဆီနာက ဩဂုတ် ၅ ရက်နေ့၊ သူ့ရဲ့ ရာထူးက နုတ်ထွက်ရမှု နောက်ကွယ်မှာ ပြည်ပ ဖိအားပေးမှုတွေ နက်နက်ရှိုင်းရှိုင်း ပါဝင်နေနိုင်ခြေ ရှိတယ်လို့ စွပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဆန္ဒပြ ကျောင်းသားတွေ နောက်ထပ် ထိခိုက်နစ်နာ သေဆုံးမှုတွေကို ရှောင်လွှဲနိုင်ရေးအတွက် ရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ကြောင်း၊ ကျောင်းသားတွေရဲ့ အလောင်းတွေကို ကျော်နင်းရင်း အာဏာကို လက်လှမ်းလိုသူတွေ ရှိနေပြီး သူကတော့ အဲဒီ အခြေအနေတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ရာထူးစွန့်ခဲ့ကြောင်း ဟာဆီနာက အဲဒီ မိန့်ခွန်းထဲမှာ ထည့်သွင်းရေးသားထားခဲ့ပါတယ်။ တကယ်တမ်းကျတော့ သူဦးဆောင်တဲ့ အစိုးရ လက်အောက်ခံ လုံခြုံရေး တပ်ဖွဲ့တွေ၊ အစိုးရ ထောက်ခံသူတွေရဲ့ အကြမ်းပတမ်း ဖြိုခွင်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ တစ်လနီးပါးကြာ ဆန္ဒပြမှုတွေအတွင်း အသေအပျောက် ၃၀၀ ကျော် ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက တကယ်လို့သာ စိန့်မာတင် ကျွန်းရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခွင့်ကို ဘင်္ဂလားဒေ့ရှ်က လက်လွှတ် အဆုံးရှုံး ခံစေခဲ့ပြီး အမေရိကန်က ဘင်္ဂလား ပင်လယ်အော်ကို ထိန်းချုပ်ခွင့်ရအောင် လမ်းဖွင့်ပေးခဲ့မယ်ဆိုရင် အခုထိ ဝန်ကြီးချုပ် ရာထူး လက်ထဲ မြဲနေနိုင်ခြေ ရှိခဲ့ကြောင်း၊ ပြည်သူတွေ အနေနဲ့ အစွန်းရောက်တွေက လိုသလို ခြယ်လှယ် အသုံးချနေတာမျိုး အဖြစ်မခံစေလိုကြောင်းလည်း ဟာဆီနာက မပြောဖြစ်ခဲ့တဲ့ နှုတ်ဆက် မိန့်ခွန်းထဲမှာ ရေးသားထားခဲ့ကြောင်း သိရပါတယ်။

အသက် ၇၆ နှစ်အရွယ် ဟာဆီနာဟာ ဩဂုတ် ၅ ရက်နေ့တုန်းက ရာထူးက နုတ်ထွက်ကြောင်း မိန့်ခွန်းပြောပြီး လူထုဆီ ကြေညာဖို့ ရည်ရွယ်ထားခဲ့ပေမယ့် ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက ဒါကာမြို့တော်မှာရှိတဲ့ ဝန်ကြီးချုပ် အိမ်တော်ထိ ချဉ်းကပ်လာတဲ့အတွက် မိန့်ခွန်း မပြောဖြစ်တော့ဘဲ ကတိုက်ကရိုက် ထွက်ပြေးသွားရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဟာဆီနာခေတ်လွန် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဦးဆောင်ဖို့ တာဝန်ဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနွတ်စ် ဦးဆောင်တဲ့ ကြားကာလ ယာယီ အစိုးရရဲ့ ပခုံးပေါ် ကျရောက်လာပါတယ်။ ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေး အလှည့်အပြောင်းတွေဟာ အထိခိုက် အတိမ်းစောင်း မခံနိုင်လောက်တဲ့ အခြေအနေမျိုး ရှိနေဆဲလို့ စောင့်ကြည့် လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ဟာဆီနာဟာ ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်အဖြစ် ဖြတ်သန်းမှု နှစ်ကြိမ်အတွင်း ဆယ်စုနှစ် နှစ်ခုထိကြာအောင် တာဝန်ယူခဲ့ဖူးသူပါ။ သူဟာ နိုင်ငံရဲ့ ဒီမိုကရေစီ ပြယုဂ်တစ်ခုအဖြစ် သတ်မှတ် ခံရဖူးပေမယ့် နောက်ပိုင်းမှာတော့ အာဏာရှင်ဆန်ဆန် ကြီးစိုး အုပ်ချုပ်ခဲ့ကြောင်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေခဲ့ရပါတယ်။

ကိုးကား: The Hindu

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပထမဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံဆီ ယူရေနီယမ် လောင်စာ ဖြည့်တင်းမှုတွေ စတင်နေပြီလို့ ရုရှား နျူကလီးယား စွမ်းအင် ကော်ပိုရေးရှင်း Rosatomက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ဝက်သက်ရောဂါ ကူးစက်မှုတွေအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက အရင် အစိုးရ နှစ်ဆက်ကို အပြစ်တင်သွားခဲ့ပါတယ်။

သတင်း

စွမ်းအင်ခြွေတာရေး အစီအမံ တစ်ခုအနေနဲ့ အစိုးရ ရုံးတွေမှာ မလိုအပ်ရင် မီးတွေ အားလုံး ပိတ်ထားဖို့၊ အဲကွန်းတွေ မဖွင့်ကြဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ညွှန်ကြားထားပါတယ်။