Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်ကို ထိပ်သီးညီလာခံတက်ရောက်ခွင့်မပေးတဲ့ အာဆီယံကို NUG ကြိုဆို

အာဆီယံအနေနဲ့ နိုင်ငံရေးနဲ့မပတ်သက်သူကိုယ်စားလှယ်ကို အကဲဖြတ်၊ ထည့်သွင်းစဉ်းစားနိုင်ဖို့အတွက် အကြံပြုချက်တွေပေးဖို့ အသင့်ရှိနေတယ်လို့လည်း NUGက ထုတ်ပြန်ပါတယ်။

လာမယ့် အာဆီယံထိပ်သီးညီလာခံမှာ နိုင်ငံရေးနဲ့မပတ်သက်သူကိုယ်စားလှယ်(non-political representative)ကို ဖိတ်ကြားမယ့်အပေါ် NUG က ကြိုဆိုလိုက်ပြီး အဲဒီကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုအကျိုးစီးပွားကို ကိုယ်စားပြုသူ ဖြစ်ရမယ်လို့ တောင်းဆိုလိုက်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့အရေးပေါ်အစည်း အဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထောက်ခံလိုက်တာဖြစ်ပြီး အာဆီယံထိပ်သီးညီလာခံမှာ အကြမ်း ဖက်စစ်ကောင်စီအရာရှိကြီးတွေသာမက သူတို့နဲ့ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းဘယ်သူကိုမျှ ပါဝင်ခွင့်မပြုဖို့ တိုက်တွန်းထားပါတယ်။

အာဆီယံအနေနဲ့ နိုင်ငံရေးနဲ့မပတ်သက်သူကိုယ်စားလှယ်ကို အကဲဖြတ်၊ ထည့်သွင်းစဉ်းစားနိုင်ဖို့အတွက် အကြံပြုချက်တွေပေးဖို့ အသင့်ရှိနေတယ်လို့လည်း NUGက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် NUGဟာ နိုင်ငံအတွင်း ဒီမိုကရေစီနဲ့ တည်ငြိမ်မှုပြန်လည်ရရှိရေး အဖြေရှာရာမှာ အာဆီယံနဲ့ ညှိနှိုင်းဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်ကိုလည်းထပ်လောင်းအတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံဟာ ပြီးခဲ့တဲ့ ဧပြီတုန်းကကျင်းပခဲ့တဲ့ ထိပ်သီး ညီလာခံမှာ အာဏာသိမ်းခေါင်းဆောင်ကို ဖိတ်ကြားတက်ရောက်စေခဲ့ပေမယ့် အဲဒီညီလာခံမှာချမှတ်ခဲ့တဲ့ ဘုံဆုံးဖြတ်ချက် ၅ရပ်ကို အပြည့်အ၀လိုက်နာအကောင် အထည်ဖော်ခြင်းမရှိတာကြောင့် လာမယ့် အောက်တိုဘာ ၂၆ ကနေ ၂၈ အထိ ကျင်းပမယ့် ထိပ်သီးညီလာခံမှာ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

Facebook