Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းအောင်လှိုင်ကို ထိပ်သီးညီလာခံတက်ရောက်ခွင့်မပေးတဲ့ အာဆီယံကို NUG ကြိုဆို

အာဆီယံအနေနဲ့ နိုင်ငံရေးနဲ့မပတ်သက်သူကိုယ်စားလှယ်ကို အကဲဖြတ်၊ ထည့်သွင်းစဉ်းစားနိုင်ဖို့အတွက် အကြံပြုချက်တွေပေးဖို့ အသင့်ရှိနေတယ်လို့လည်း NUGက ထုတ်ပြန်ပါတယ်။

လာမယ့် အာဆီယံထိပ်သီးညီလာခံမှာ နိုင်ငံရေးနဲ့မပတ်သက်သူကိုယ်စားလှယ်(non-political representative)ကို ဖိတ်ကြားမယ့်အပေါ် NUG က ကြိုဆိုလိုက်ပြီး အဲဒီကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုအကျိုးစီးပွားကို ကိုယ်စားပြုသူ ဖြစ်ရမယ်လို့ တောင်းဆိုလိုက်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့အရေးပေါ်အစည်း အဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထောက်ခံလိုက်တာဖြစ်ပြီး အာဆီယံထိပ်သီးညီလာခံမှာ အကြမ်း ဖက်စစ်ကောင်စီအရာရှိကြီးတွေသာမက သူတို့နဲ့ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းဘယ်သူကိုမျှ ပါဝင်ခွင့်မပြုဖို့ တိုက်တွန်းထားပါတယ်။

အာဆီယံအနေနဲ့ နိုင်ငံရေးနဲ့မပတ်သက်သူကိုယ်စားလှယ်ကို အကဲဖြတ်၊ ထည့်သွင်းစဉ်းစားနိုင်ဖို့အတွက် အကြံပြုချက်တွေပေးဖို့ အသင့်ရှိနေတယ်လို့လည်း NUGက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် NUGဟာ နိုင်ငံအတွင်း ဒီမိုကရေစီနဲ့ တည်ငြိမ်မှုပြန်လည်ရရှိရေး အဖြေရှာရာမှာ အာဆီယံနဲ့ ညှိနှိုင်းဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်ကိုလည်းထပ်လောင်းအတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံဟာ ပြီးခဲ့တဲ့ ဧပြီတုန်းကကျင်းပခဲ့တဲ့ ထိပ်သီး ညီလာခံမှာ အာဏာသိမ်းခေါင်းဆောင်ကို ဖိတ်ကြားတက်ရောက်စေခဲ့ပေမယ့် အဲဒီညီလာခံမှာချမှတ်ခဲ့တဲ့ ဘုံဆုံးဖြတ်ချက် ၅ရပ်ကို အပြည့်အ၀လိုက်နာအကောင် အထည်ဖော်ခြင်းမရှိတာကြောင့် လာမယ့် အောက်တိုဘာ ၂၆ ကနေ ၂၈ အထိ ကျင်းပမယ့် ထိပ်သီးညီလာခံမှာ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။