Connect with us

Hi, what are you looking for?

သတင်း

ရပ်စောက်တိုက်ပွဲ ခလရ(၂၉၂)တပ်ရင်းမှူး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ဩဂုတ် ၈ရက်က ဖြစ်ပွားသော တိုက်ပွဲအတွင်း သေဆုံးသွားသူ ကိုးဦးတွင် စစ်ကောင်စီ​၏ ခလရ(၂၉၂)တပ်ရင်းမှူးပါဝင်ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)က ပြောသည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် ခလရ(၂၉၂) တပ်ရင်းမှူး​၏ ရုပ်အလောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - DPLA

ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ဩဂုတ် ၈ရက်က ဖြစ်ပွားသော တိုက်ပွဲအတွင်း သေဆုံးသွားသူ ကိုးဦးတွင် စစ်ကောင်စီ​၏ ခလရ(၂၉၂)တပ်ရင်းမှူးပါဝင်ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)က ပြောသည်။

ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဩဂုတ် ၈ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး နောက်ဆက်တွဲစစ်ဆေးမှုများအရ ခလရ(၂၉၂)တပ်ရင်းမှူးဗိုလ်မှူးမျိုးမျိုးသူ သေဆုံးသွားခြင်းဟု DPLF/DPLA တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးမျိုးမျိုးသူ၏ ရုပ်အလောင်းကို DPLF/DPLA က ရရှိထားသည်။

ယင်းနေ့က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ကိုးဦးသေဆုံးကာ ရှစ်ဦး အရှင်ဖမ်းမိပြီး သေနတ် ၁၉လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကြောင်းတွင် စစ်ကောင်စီတပ်သား ၉၀ဦးထက်မနည်းပါဝင်ခဲ့သည်။ကျန်သူများသည် စစ်ကောင်စီ၏လေကြောင်းပစ်ကူယူ၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဖမ်းမိထားသည့် စစ်သုံ့ပန်းများက ၎င်းတို့သည် စစ်မတိုက်ချင်ကြောင်းနှင့် မိသားစုဝင် များ၏ လုံခြုံရေးကိုစိတ်ပူ၍ စစ်တပ်မှ ထွက်မပြေးနိုင်ခဲ့ခြင်းဟု DPLF/DPLAထံ ပြောကြားထားသည်။

“ရှစ်ယောက်ထဲက သုံးယောက်က သေနတ်ချပီး သူဘာသူ လက်မြောက်အညံ့ခံတာ။တိုက်ပွဲဖြစ် ပြီးနောက်ရက် ရှေ့တန်းလိုက်ရတဲ့ အရာရှိ ရဲဘော်တွေလည်း ပြေးကြသူတွေရှိတယ်” ဟု DPLF/DPLA တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုအခါ စစ်ကောင်စီသည် ကျောက်ဂူအမြောက်တပ်မှနေ၍ အနောက်ဘက်တောင် ကြောတလျှောက် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေရာ ဖက်ရင်းကုန်း၊ လွယ်ဟောင်၊ ပုန်းအင်း၊အုန်းကြော၊လွယ်ကန် ၊တောင်သူကုန်းနှင့် စပယ်ကုန်းရွာတို့မှ ဒေသခံများသည် လက်နက်ကြီးအန္တရာယ်စိုးရိမ်နေရသည်ဟု ဒေသခံများကပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ဒေသတွင်း အင်အားတိုးထား၍ ဒေသခံများ စစ်ရေးသတိပြုနေထိုင်ကြရန် DPLF/DPLAက သတိပေးထားသည်။

ရပ်စောက်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ထိစပ်နေသည်။ စစ်ကောင်စီက ရပ်စောက်မြို့မှတစ်ဆင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ အင်အားဖြည့်တင်းမှုများပြုလုပ်နေသည်။

DPLF/DPLAသည် ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းရော ဒုတိယပိုင်းတွင်ပါ တအာင်းတပ်မတော်(TNLA)နှင့် ပူးတွဲပါဝင်တိုက်ခိုက်နေသည်။

ပြီးခဲ့သည့် ဩဂုတ် ၂ရက်က မြစ်ကြီးနားမြို့၊ တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင်လည်း ဝိုင်းမော်မြို့ခလရ(၅၈)တပ်ရင်းမှူးသေဆုံးခဲ့သည်။

ရပ်စောက်တိုက်ပွဲအတွင်း စစ်ကောင်စီ​၏ တပ်ရင်းမှူးနှင့် တပ်သားများ​၏ သေဆုံးရုပ်အလောင်းပုံများအား လူထုနွေဦး​၏ https://t.me/PeopleSpring တွင် သွားရောက်ကြည့်ရှု့နိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။