Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ယူကရိန်းက ပထမဆုံးအကြိမ် စစ်ရုံးဖွင့်

ရုရှားပိုင်နက်ထဲမှာ ယူကရိန်းက ပထမဆုံးအကြိမ် စစ်ရုံးတစ်ရုံး ဖွင့်လှစ်ထားလိုက်ကြောင်း သိရပါတယ်။

ရုရှားပိုင်နက်ထဲမှာ ယူကရိန်းက ပထမဆုံးအကြိမ် စစ်ရုံးတစ်ရုံး ဖွင့်လှစ်ထားလိုက်ကြောင်း သိရပါတယ်။

ရုရှားအနောက်ပိုင်း နယ်စပ်ကို ဖြတ်ကျော်ပြီး ရုရှားပိုင် ကာ့စ်ခ်ဒေသထဲ ယူကရိန်းတပ်တွေ ရုတ်တရက် ထိုးဖောက်ဝင်ရောက်ပြီး တစ်ပတ်လောက် အကြာမှာ စစ်မြေပြင်ကို ကွပ်ကဲဖို့ စစ်ရုံးတစ်ခုကို ဖွင့်လှစ်ထားလိုက်တာပါ။

ယူကရိန်း စစ်တပ်က အဲဒီစစ်ဆင်ရေးနဲ့အတူ ရုရှားပိုင်နက်ထဲမှာ စတုရန်း ကီလိုမီတာ ၁၀၀၀ လောက် နယ်မြေတွေကို သိမ်းပိုက်ထားနိုင်ပြီး ဖြစ်တယ်လို့ ကြေညာခဲ့သလို နေ့စဉ် ကီလိုမီတာနဲ့ချီ ရှေ့တိုး ချီတက်ပြီး နယ်မြေတွေ သိမ်းပိုက်နေနိုင်ဆဲလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အိုလက်ဇန္ဒာ ဆာစကီက ထိန်းချုပ်နယ်မြေ အသစ်တွေမှာ တရားဥပဒေ စိုးမိုးရေး၊ အရေးပေါ် လိုအပ်မှုတွေကို တုံ့ပြန်နိုင်ရေးတွေအတွက် စစ်ရုံး ဖွင့်လှစ်လိုက်တာလို့ ဆိုပါတယ်။

စစ်တပ်က လူမှုကွန်ရက် မီဒီယာပေါ်မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာတော့ ဗိုလ်ချုပ်ကြီး ဆာစကီက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံချိန် ယူကရိန်းရဲ့ ထိန်းချုပ် နယ်မြေသစ်တွေကို ကွပ်ကဲဖို့ စစ်ရုံးဖွင့်လှစ်မှုအကြောင်း အစီရင်ခံနေတာကို တွေ့ရပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ကျူးကျော်သူတွေရဲ့ ရန်ကနေ ဒေသခံ လူထုကို အကာအကွယ် ပေးဖို့အတွက် ကာ့စ်ခ်နဲ့ ဘယ်လ်ဂိုရော့ဒ် ဒေသတွေထဲ စစ်ကူတွေ အများအပြား ပို့လွှတ်နေတယ်လို့ ပြောပါတယ်။

ယူကရိန်းရဲ့ အဆိုအရ ရှေ့ပြေးတပ်တွေဟာ နယ်စပ်ကနေ ၃၅ ကီလိုမီတာလောက် အကွာအဝေးထိ ကာ့စ်ခ်ဒေသထဲ ထိုးဖောက် ဝင်ရောက်ထားနိုင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ် ကာလတလျှောက် ယူကရိန်းဟာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှု တချို့ကို လုပ်ဆောင်ခဲ့ဖူးပေမယ့်လည်း ခြေလျင်တပ်တွေ အခုလောက် နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ဝင်ရောက်တာမျိုးကတော့ ပထမဆုံး အကြိမ်ပါပဲ။

ယူကရိန်း အစိုးရကတော့ ရုရှားပိုင်နက် နယ်မြေတွေကို သိမ်းယူဖို့ စိတ်မဝင်စားကြောင်း၊ ဒါပေမဲ့ ရုရှားဟာ ကိုယ်တိုင် ကျူးကျော် ခံရတာကို တွေ့ကြုံ ခံစားဖို့ ထိုက်တန်ကြောင်း မှတ်ချက် ပေးထားပါတယ်။

ရုရှားဟာ ကာ့စ်ခ်နဲ့ ဘယ်လ်ဂိုရော့ဒ် ဒေသတွေမှာ စစ်ဘက် အရေးပေါ် အခြေအနေတွေ ထုတ်ပြန်ထားပြီး ကာ့စ်ခ်မှာ ယူကရိန်းတပ်တွေ ချီတက်လာရာ လမ်းတလျှောက်က ဒေသခံ သိန်းဂဏန်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရကြောင်း ပြောပါတယ်။ ဘယ်လ်ဂိုရော့ဒ်မှာလည်း လူပေါင်း ၁၀၀၀၀ ကျော်လောက်ကို ကနဦးအဆင့် ရွှေ့ပြောင်းပေးထားပြီး ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

ရုရှားကျူးကျော်စစ်ရဲ့ နာကျင်မှုနဲ့ ဒဏ်ရာများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

Facebook