Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲမရှိဘဲ ကျောက်မဲမြို့နယ် ဟူးကွက်ရွာဘုန်းကြီးကျောင်းအား စစ်ကောင်စီလေကြောင်း တိုက်ခိုက်

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားပြီးဖြစ်သည့် ရှမ်းမြောက် ကျောက်မဲမြို့နယ်ရှိ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျောင်းဆောင်ပျက်စီးပြီး ကိုရင်တစ်ပါး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ကျောက်မဲမြို့နယ် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA

ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားပြီးဖြစ်သည့် ရှမ်းမြောက် ကျောက်မဲမြို့နယ်ရှိ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျောင်းဆောင်ပျက်စီးပြီး ကိုရင်တစ်ပါး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ကျောက်မဲမြိုနယ် ဟူးကွက်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဩဂုတ် ၁၆ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဟူးကွက်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ကိုရင်တစ်ပါး ထိမှန်ကာ ဆွမ်းစားကျောင်းဆောင်နှင့် ဇရပ်ကျောင်းဆောင် (၂)ဆောင် ထိမှန်ပျက်စီးသွားခဲ့ဟု TNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်သည် TNLA သိမ်းပိုက်ထားပြီးဖြစ်သည့် နမ့်ဆန်မြို့ကိုလည်း တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်လာကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီတပ်သည် နမ့်ဖက်မြို့နယ်အတွင်း တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်လာခြင်းလည်းဖြစ်သည်။

TNLAနှင့် စစ်ကောင်စီတပ်သည် ယနေ့(ဩဂုတ် ၁၆ရက်) သီပေါနှင့် မိုးမိတ်မြို့၌ တိုက်ပွဲဖြစ်ပွားခဲ့ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။