Connect with us

Hi, what are you looking for?

News

နာမည်​ကျော်အ​ဆို​တော်ကျား​ပေါက်ကို မိဘများကအ​မွေပြတ်စွန့်လွှတ်​ကြောင်း​ကြေညာ

ကျားပေါက်သည် ယမန်နေ့(​အောက်တိုဘာ၁၇)က သူ၏ Ukulele(ကြိုးလေးချောင်းတပ် ဂစ်တာငယ်)ကို တော်လှန်ရေးအတွက်လေလံတင်ခဲ့ပြီး ညပိုင်းလေလံပိတ်ချိန်တွင် အမေရိကန်ဒေါ်လာ ၂၇,၅၀ဝ ကမ္ဘာ့ကြေးအမြင့်ဆုံးဖြင့် အမျိုးသားတစ်ဦးက လေလံအောင်ကာ ဝယ်ယူသွားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးတွင်ပြည်သူနှင့်အတူရပ် တည်နေပြီး ပုဒ်မ-၅၀၅(ခ) ထုတ်ခံထားရသည့် အဆိုတော်ဟန်ထူးလွင် (ကျားပေါက်)အား ၎င်း၏မိဘနှစ်ပါးက သားအဖြစ်မှအမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ ဦးမောင်မောင်လွင်(အဆိုတော် ရင်ဂို)+ဒေါ်မွန်မွန်ကျော်တို့၏ သားဖြစ်သူ မောင်ဟန်ထူးလွင်သည် မိဘ၏ ဆိုဆုံးမမှုအား နားမထောင်ဘဲ ၎င်းသဘောဆန္ဒအလျောက် နေအိမ်မှထွက်ခွာသွားပါသဖြင့် ယနေ့မှစ၍ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ကြောင်းနှင့် နောက်နောင်၎င်းနှင့်ပတ်သက်သော ကိစ္စအဝဝများအား တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း တရားလွှတ်တော်ရှေ့နေမှတစ်ဆင့် အသိပေး ကြေညာသည်။

ကျားပေါက်သည် ယမန်နေ့(​အောက်တိုဘာ၁၇)က သူ၏ Ukulele(ကြိုးလေးချောင်းတပ် ဂစ်တာငယ်)ကို တော်လှန်ရေးအတွက်လေလံတင်ခဲ့ပြီး ညပိုင်းလေလံပိတ်ချိန်တွင် အမေရိကန်ဒေါ်လာ ၂၇,၅၀ဝ ကမ္ဘာ့ကြေးအမြင့်ဆုံးဖြင့် အမျိုးသားတစ်ဦးက လေလံအောင်ကာ ဝယ်ယူသွားသည်။

ယခင်က ကမ္ဘာ့စျေးအကြီးဆုံး Ukuleleသည် ကမ္ဘာ့သမိုင်းတစ်လျှောက် စျေးအကြီးဆုံး Ukuleleအဖြစ် အမေရိကန်မှာဂန္တဝင်ဂီတပညာရှင် John D’Angelico၏ ဒေါ်လာ ၂၆,၀၀၀ ဖြင့်ရောင်းထားရသော Ukulele ဖြစ်သည်။သို့သော် ထိုစံချိန်ကို ကျားပေါက်၏ Ukuleleက ၂၇,၅၀ဝ ဖြင့် ချိုး၍ လေလံတင်ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။စံချိန်ချိုးနိုင်အောင်လည်း ဝယ်ယူသူက စျေးမြှင့်ပေးခဲ့ခြင်းဟု ကျားပေါက်က ရေးသားထားပြီး လူမှုကွန်ရက်မှတစ်ဆင့် ဂုဏ်ပြုစကားပြောကြားထားသည်။

Public Service Announcement

Public Service Announcement

Ukulele ရောင်းရငွေအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အား လှူဒါန်းရန်အတွက် လေလံတင်ပေးရန် ကျားပေါက်က မိတ်ဆွေများထံ အကူအညီတောင်းရာမှ ယခုလေလံပွဲ ဖြစ်ခဲ့ခြင်းဖြစ်သည်။

ကျားပေါက်သည် လေလံပွဲပြီးနောက်တစ်ရက်တွင် သားအဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာခံခဲ့ရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

News

"Result ထွက်ပါပြီ။ Congratulations to all new owners of my artwork and highly appreciate your positive input ထန်တလန်အတွက် ဝမ်းအသာဆုံး။ "ဟု ကျားပေါက်ကရေးသားထားသည်။

နိုင်ငံတကာ

ကလေးတွေ ကျူးလွန်မိတဲ့ အပြစ်က ကြီးရင် ကြီးသလို၊ ရာဇဝတ်မှု မြောက်ရင် မြောက်သလို မိဘနဲ့ အုပ်ထိန်းသူတွေရဲ့ ပြစ်ဒဏ်ကလည်း ကြီးလာနိုင်ပါတယ်။ တရုတ်ရဲ့ အမျိုးသား လွှတ်တော်က အာဏာရ ကွန်မြူနစ် ပါတီ တင်သွင်းတဲ့ ဥပဒေတိုင်းကို တံဆိပ်တုံးထု အတည်ပြုပေးရုံ အဆင့်သာ ဖြစ်တာကြောင့်...