Connect with us

Hi, what are you looking for?

သတင်း

မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီသတ်မှတ်ချက်ကြောင့် ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေ

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

(ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ရန်ကုန်မြို့က ကလေးငယ်တွေ ကျောင်းစတက်နေ့မှာ တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

မေ -၂၅၊၂၀၂၆။မိုမို/People’s Spring

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

အရင်က အုပ်ထိန်းသူ တစ်ဦးဦး ဒါမှမဟုတ် ဆွေမျိုးတော်စပ်သူတွေက မိဘကိုယ်စား ကျောင်းအပ်နှံလို့ ရပေမယ့် အခုနှစ်ကစပြီး မိဘကိုယ်တိုင်ကျောင်းအပ်ရမယ်လို့ စစ်တပ် လက်အောက်ခံ အ‌ခြေခံပညာရေးဦးစီးဌာနက သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

“ဘာရည်ရွယ်ချက်နဲ့ လုပ်လည်း မသိပေမယ့် တော်တော် ဒုက္ခရောက်တယ်။ဒီမနက် ကလေးကို ကျောင်းသွားအပ်တာ မိဘ အရင်း လာမှ ။ပြီးရင် မိဘ တွေ မှာလည်း မှတ်ပုံတင်ပါမှလက်ခံမှာ ဆိုပြီး ကျောင်းဆရာ၊ဆရာမ တွေက ပြောလိုက်တယ်။ကလေး မိဘတွေက နိုင်ငံခြားမှာအလုပ်သွားလုပ်တယ် ပြောလည်းမရဘူး”လို့ မြောက်ဒဂုံ မြို့နယ် (၄၅)ရပ်ကွက်က အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လာမယ့် ဇွန်လ ၁ ရက်မှာ စာသင်ကျောင်းတွေ ဖွင့်တော့မှာဖြစ်လို့ အခုလို သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ် ကလေးငယ်အများစု ကျောင်းမအပ်နိုင်သေးဘူးလို့ အင်းစိန်မြို့နယ်၊ဖော့ကန် ရပ်ကွက် နေအမျိုးသားတစ်ဦးက သူနေထိုင်ရာရပ်ကွက် အခြေအနေကို အသိပေးပါတယ်။

“အရင်က တက်မယ့်သူမရှိတော့ ဘယ်လိုအခြေအနေ မဆိုလက်ခံတာလေ။အခုလို လုပ်တော့ ကျွန်တော့် မြေး ရဲ့ သူ့အဖေ က တောထဲမှာ ဆုံးတယ်။မအေ လုပ်တဲ့သူက အဝေးရောက်နေတယ်။ဘယ်လို လုပ်ရမလဲ မေးတော့ ဖအေ မအေ မှတ်ပုံတင်ယူလာပေး တဲ့။တော်တော် ဆိုးပါတယ်။ကျွန်တော့်မြေးလိုပဲ ရပ်ကွက်ထဲမှာရှိတဲ့ ကလေး ငါးယောက် လောက် ကျောင်းမအပ်နိုင်သေးဘူး”လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ကျောင်းအပ်ရာမှာပေးရတဲ့ မိဘအုပ်ထိန်းသူတွေရဲ့ နောက်ခံရာဇ၀င်အကြောင်းနဲ့ အချက်အလက်တွေကို စုဆောင်းတာ‌လို့လည်း သူ့အမြင်ကို ဆက်ပြောပါတယ်။

အခုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အခြေခံပညာရေးဦးစီးဌာန ကို လူထုနွေဦးက ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

“စနစ်ထဲမှာ မပါပေမယ့် မိဘ တွေကိုယ်တိုင်အပ်ရမယ်ဆိုပြီး ပြောထားတာ။လုပ်နေတာ တွေရှိတယ်”လို့ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ပညာရေးမှူးရုံး၀န်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျောင်းနေအရွယ်ကလေး ၇ သန်းဝန်းကျင် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနိုင်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ ISP Myanmar က ပြီးခဲ့တဲ့နှစ် ဩဂုတ်က ထုတ်ပြန်ထားပါတယ်။

စစ်မက်နဲ့ပဋိပက္ခ၊ ကျဆင်းလာတဲ့စီးပွားရေး အခြေအနေနဲ့ စီးပွားရေး မပြေလည်ခြင်း၊ ဝင်ငွေထွက်ငွေ မမျှတခြင်းတွေဟာ ကလေးငယ်တွေကျောင်းတက်ဖို့ အခက်အခဲဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်က နိုင်ငံရဲ့ပညာရေးဘက်ဂျက်ကို လျှော့ချသုံးစွဲခဲ့ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ယာယီသမ္မတရာထူးဆက်ယူခဲ့တဲ့ ၂၀၂၅ ဇူလိုင်က ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့သစ်စာရင်းထုတ်ပြန်ရာမှာ ပညာရေးဝန်ကြီးဌာန ကျန်နေခဲ့လို့ ဖြည့်စွက်ဖွဲ့စည်းတဲ့ ထုတ်ပြန်စာထပ်မံထုတ်ခဲ့ရတာလည်း ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဟာ ဒီကနေ့မှာ ကျ‌ရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့မှာ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့​ရတဲ့ ရဲဘော်အချို့ရဲ့ ဗိမာန်တွေဆီ သွားပြီး ဂါရဝပြုခဲ့ကြပါတယ်။ ဒါ့အပြင် ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်သူ မိဘတွေကိုလည်း သွားရောက်ကန်​တော့ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း (အထက ၃)မှာ ဆရာမတွေခိုင်းလို့ ကျောင်းတံခါးသွားပိတ်တဲ့ (၉) တန်းကျောင်းသား သံတံခါး​ပိမိလို့ ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံမှာ အရေးပေါ်​ဆေးကုသမှု ခံယူနေရပါတယ်။