Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် ပြည်သူများကို ဒုက္ခပေးနေသည့် အုပ်ကြီးများ၏ အချက်အလက်များ ပေးပို့ရန် တော်လှန်ရေးအင်အားစုများ တောင်းဆို

ရန်ကုန်မြို့တွင် ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များ တောင်းခံသည့် “အုပ်ကြီးကမ်ပိန်း” ကို ပြုလုပ်မည် ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးခဲ့သည်။

သုည/People’s Spring

ရန်ကုန်မြို့တွင် ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များ တောင်းခံသည့် “အုပ်ကြီးကမ်ပိန်း” ကို ပြုလုပ်မည် ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးခဲ့သည်။

ယင်းကမ်ပိန်းတွင် ပြည်သူများအနေဖြင့် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ကြီးများ၏ အချက်အလက်များကို (t.me/OakGyiCampaignBot) တယ်လီဂရမ်မှတဆင့် တော်လှန်ရေးအင်အားစုများထံ ပေးပို့ကာ ပူးပေါင်းပါဝင်နိုင်ကြောင်း ရန်ကုန်လူထုသပိတ်က ဆိုသည်။

Public Service Announcement

Public Service Announcement

“ပြည်သူလူထုရဲ့ အနီးဆုံးရန်သူကတော့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဘဲဖြစ်ပါတယ်။ ကိုယ့်အိမ်ကိုယ်ယာမှာ အိပ်ဖို့အတွက်တောင် သူတို့ကို ပိုက်ဆံပေးပြီး ဧည့်စာရင်းတိုင်ရတယ်။ နေ့စဉ် ပုံစံမျိုးစုံနဲ့ ဖိနှိပ်ဖို့၊ ခေါင်းပုံဖြတ်ဖို့၊ ငွေညှစ်ဖို့ဘဲ စဉ်းစားနေတဲ့ သူတွေဖြစ်ပါတယ်။ လူထုရဲ့ ပိုင်ဆိုင်မှုတွေ အိုးအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းတော့လည်း သူတို့မပါမဖြစ်ပါပဲ။ နောက်ဆုံး လူထုရဲ့ရင်သွေးတွေကို မိသားစုကနေ ခွဲထုတ်ပြီး အကြမ်းဖက်စစ်တပ်အတွက် သေပေးဖို့ ရှေ့တန်းစစ်မြေပြင်ဆီကို အတင်းပို့တာလဲ ဒီအုပ်ကြီးတွေပါပဲ။ ဒီလို ရပ်ရွာရဲ့ အရိပ်ကိုခိုပြီး ရပ်ရွာကို ဒုက္ခပြန်ပေးနေတဲ့ လောက်ကောင်အုပ်ကြီးတွေကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်ဖို့ လိုအပ်နေပါပြီ”ဟုရန်ကုန်လူထုသပိတ်ကထုတ်ပြန်ထားသည်။

ဆက်လက်၍လည်း “သူတို့ကို အာခံရမယ်၊ ဆန့်ကျင်ရမယ် ပြီးတော့ လူ့အသိုင်းအဝိုင်းကနေပါ ဖယ်ကျဉ်ထားရပါမယ်။ လူထုသပိတ် အစုအဖွဲ့တွေကနေ ဒီလို ဆိုးသွမ်း သောင်းကျန်းနေတဲ့ စစ်ကောင်စီခန့် အုပ်ကြီးတွေရဲ့ အချက်အလက်တွေကို စာရင်းကောက်ယူနေပါပြီ။ Telegram ကနေတဆင့် လွယ်လွယ်ကူကူ သတင်းပေးလို့ရတာမို့ အခုဘဲ ကိုယ့်ရပ်ရွာထဲက စစ်တပ်ထောက်တိုင် အုပ်ကြီးတွေအကြောင်း တော်လှန်ရေးအင်အားစုတွေထံ သတင်းပေးပို့ကြပါ” ဟု ရန်ကုန်လူထုသပိတ်က တိုက်တွန်းခဲ့သည်။

ရန်ကုန်မြို့တွင် စစ်​ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဖြိုချရန် အခြေခံအကျဆုံး ထောက်တိုင်ဖြစ်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှ စတင်ရမည် ဖြစ်ပြီး ရပ်ရွာလူထုကို ဖိနှိပ်ညှဥ်းပန်းနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၏ အချက်အလက်များကို တော်လှန်ရေးအင်အားစုထံ သတင်းပေးပို့ကြရန်၊ အုပ်ကြီးများကို ဖယ်ကျဥ်ကြရန်၊ လူမှုရေးပြစ်ဒဏ်ခတ်၍ နှုတ်ထွက်ရေး ဖိအားပေးကြရန်လည်း တကသကျောင်းသားဟောင်းများ အင်အားစုမှ ကိုနန်းလင်းကလည်း နှိုးဆော်ခဲ့သည်။

“အုပ်ကြီးတွေက ရပ်ကွက်ထဲမှာ လူငယ်တွေကိုစာရင်းကောက်ပြီး စစ်မှုထမ်းဖို့ အဓိကသတင်းပေးပို့နေတာပါ။ ဧည့်စာရင်း တိုင်တာကစလို့ မတရားစစ်မှုထမ်း ကောက်ယူမှုတွေအထိ စစ်ကောင်စီဟာ ရပ်ကွက်အုပ်ကြီးတွေကို အားကိုးနေရတာပါ။ အုပ်ကြီးတွေရှိနေသရွေ့ကတော့ စစ်တပ်က စုဆောင်းရေးအတွက် လူရနေအုန်းမှာပဲ။ ဒါ​​ကြောင့် ပြည်သူတွေအနေနဲ့ မိမိပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အုပ်ကြီးနဲ့ အပေါင်းအပါတွေရဲ့ အကြောင်းကို တော်လှန်ရေးအင်အားစုတွေကို ပေးပို့ပြီး တော်လှန်ရေးကို တဖက်တလှမ်းက ပါဝင်ပေးကြပါ” ဟု သပိတ်အင်အားစုမှ လူငယ်တစ်ဦးကလည်း တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook