Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်နေသည့်တောင်သာတွင် ရဲတပ်သားတစ်ဦး ထပ်မံအလင်းဝင်လာ

၂ ရက်အတွင်း ရဲ​တပ်သား ၂ ဦးအလင်းဝင်

အလင်းဝင်လာသော ရဲတပ်သားက လက်နက်အပ်နှံနေစဥ်။ဓာတ်ပုံ-တောင်သာပကဖ

ဇေအောင်/People’s Spring

တိုက်ပွဲဖြစ်ပွားနေသော မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီ၏ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်ထပ်မံအလင်းဝင်လာ၍ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခံရကြောင်း သတင်းရရှိသည်။

သြဂုတ် ၁၇ ရက်က တောင်သာမြို့၌ တာဝန်ကျနေသည့် ရဲတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများယူဆောင် အလင်းဝင်လာပြီးနောက် သြဂုတ်၁၈ရက်တွင်လည်း ရဲတပ်သားတစ်ဦး ထပ်မံအလင်းဝင်ရောက်လာကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“အရင်ဝင်တဲ့ကောင်နဲ့ အတူတူပဲ။ သူရဲ့ချိတ်ဆက်မှုကနေတဆင့်ပေါ့။ သူတို့တပ်စွဲထားတဲ့ တောင်နီအေးကပါ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါရဲတပ်သားသည် ရန်ကုန်မြို့ မှော်ဘီမြို့ရှိ ရဲတပ်ရင်း(၅)မှ တောင်သာမြို့နယ်၌ တာဝန်ကျနေသည့် ရဲတပ်သားသီဟဖြစ်ပြီး G-3အမျိုးအစား တစ်လက်၊ ကျည်၂၀၀ တောင့်၊ လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာ၍ ကျပ်သိန်း ၅၀ကျပ် ချီးမြင့်ခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

သြဂုတ် ၁၇ ရက်ကလည်း တောင်သာမြို့၌တာဝန်ကျနေသည့် ရဲတပ်ရင်း(၅)မှ ရဲတပ်သား မျိုးချစ်သူဆိုသူသည် တောင်သာပကဖထံသို့ G-3အမျိုးအစား ၁ လက်၊ ကျည် ၁၅၀ တောင့်၊ လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာ၍ ကျပ်သိန်း၅ဝ ဂုဏ်ပြု ချီးမြှင့်ခဲ့သေးသည်။

သြဂုတ် ၁ဝရက်က စတင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO)ကြောင့် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များ၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဝင်အများအပြားသေဆုံးကာ စစ်သုံ့ပန်းများ၊လက်နက်ခဲယမ်းများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ရရှိခဲ့သည်။

မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်သားများ၊ ပြည်သူ့စစ်(ခ)ပျူစောထီးများ၊ Non CDM ဝန်ထမ်းများ အမြန်ဆုံးအလင်းဝင်ကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကို ရောက်ရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ဦးဟာ သင်တန်းဆင်းပြီး ၁လအကြာမှာ COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။