Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများ၏ ​ဒီမိုကရေစီတိုက်ပွဲ အောင်မြင်မှာ သေချာပြီး အမြန်​ဆုံး​အောင်ပွဲရ​ရေးနိုင်ငံတကာအသိုင်းအဝန်းကူညီရန် NUG တိုက်တွန်း

မြန်မာပြည်သူများ၏ ​နွေဦး​တော်လှန်​ရေး ဒီမိုကရေစီတိုက်ပွဲသည် အောင်မြင်မှာ သေချာပြီး အမြန်ဆုံးအောင်ပွဲရရှိရေး နိုင်ငံတကာအသိုင်းအဝန်းက ကူညီကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်များက ပြောကြားလိုက်သည်။

“အခုအချိန်ဟာ သမိုင်းရဲ့မှန်ကန်တဲ့ဘက်မှာ ကျွန်ုပ်တို့နဲ့အတူ ရပ်တည်ကြဖို့ အချိန်ဖြစ်ပါတယ်”

— ယာယီသမ္မတဒူဝါလရှီးလ

“ပြည်ထောင်စုအတွင်းနေထိုင်ကြတဲ့ စုံလင်ကွဲပြားသော လူမျိုးတွေရဲ့ သရုပ်လက္ခဏာ identity တွေကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပဲ ဖြစ်ပါတယ်။ အဲဒီကို ကျွန်တော်တို့ သွားမှာပါ”

— ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း

“တပ်မတော်ဆိုတဲ့ စစ်တပ်ဟာ စစ်ရှုံးနေပြီ။ နိုင်ငံရေးစစ်မျက်နှာမှာလည်း ကျရှုံးနေပြီ။ ကဏ္ဍအားလုံးမှာ ကျရှုံးနေပါပြီ”

—အရှေ့တီမောသမ္မတ

အီယိုရီ/People’s Spring

မြန်မာပြည်သူများ၏ ​နွေဦး​တော်လှန်​ရေး ဒီမိုကရေစီတိုက်ပွဲသည် အောင်မြင်မှာ သေချာပြီး အမြန်ဆုံးအောင်ပွဲရရှိရေး နိုင်ငံတကာအသိုင်းအဝန်းက ကူညီကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်များက ပြောကြားလိုက်သည်။

ယမန်နေ့(သြဂုတ် ၂၁ရက်) ည တွင် ပြုလုပ်သော”မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များ – Insights on the achievements of Myanmar’s Spring Revolution” ဆွေးနွေးပွဲတွင် NUG ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်တို့က အာဏာသိမ်းစစ်ကောင်စီ မကြာမီ ဗုံးဗုံးလဲတော့မည်ဖြစ်ကြောင်း နှင့် ပဋိပက္ခများ အဆုံးသတ်ကာ မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန် အသေချာဆုံး(လုပ်သင့်ဆုံး)အရာမှာ နိုင်ငံတကာအသိုင်းအဝန်းက ဒီမိုကရေစီဘက်တော်သား မိတ်ဖက်များကို တရားဝင်အသိအမှတ်ပြုပြီး အောင်ပွဲမြန်မြန်ရရှိရန် ကူညီကြရန် ဖြစ်ကြောင်း ပြောကြားသည်။

Public Service Announcement

Public Service Announcement

“အခုအချိန်ဟာ သမိုင်းရဲ့မှန်ကန်တဲ့ဘက်မှာ ကျွန်ုပ်တို့နဲ့အတူ ရပ်တည်ကြဖို့ အချိန်ဖြစ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတကာအသိုင်းအဝန်းသို့ သတင်းစကားပါးသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း နိုင်ငံတကာအနေဖြင့် ယခုအချိန်တွင် မြန်မာပြည်သူတွေဘက်မှ ရပ်တည်ပြီး မည်သူ့ကိုမျှ ကောင်းကျိုးမပေးသည့် စစ်အာဏာရှင်စနစ်ဆိုးကို ကမ္ဘာ့မြေပေါ်မှ ဝိုင်းဝန်းအဆုံးသတ်သင့်သည့် အချိန်အခါဖြစ်ကြောင်း ပြောသည်။

“အကြမ်းဖက်စစ်တပ်မရှိရင် ကျွန်တော်တို့ တိုင်းပြည်က အချင်းချင်းမညီမညွတ်နဲ့ တစစီပြိုကွဲသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်သလိုလို စွပ်စွဲသလိုလို စကားတွေ ကြားနေရပါတယ်။ ကျွန်တော်တို့ သွားမယ့် ပန်းတိုင်က အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားမယ့်တိုင်းပြည်မဟုတ်ပါဘူး။ ပြည်ထောင်စုအတွင်းနေထိုင်ကြတဲ့ စုံလင်ကွဲပြားသော လူမျိုးတွေရဲ့ သရုပ်လက္ခဏာ identity တွေကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပဲ ဖြစ်ပါတယ်။ အဲဒီကို ကျွန်တော်တို့ သွားမှာပါ”ဟု ဝန်ကြီးချုပ်က ဆိုသည်။ ထို့အတွက် တော်လှန်ရေးအင်အားစုများအကြား တူညီသည့် သဘောထားများရှိထားပြီး ဖြစ်သကဲ့သို့ ထပ်မံပါဝင်လာကြရေးအတွက်လည်း ဆက်လက်လုပ်ဆောင်နေကြောင်း ပြောသည်။

အထက်ပါဆွေးနွေးပွဲတွင် အဖွင့်နှုတ်ခွန်းဆက်အမှာစကားပြောကြားသည့် တီမောလက်စတေး(အရှေ့တီမော)သမ္မတ ဟိုဆေးရာမို့စ်ဟောတာက ဒီမိုကရေစီတိုက်ပွဲဝင်သူများနှင့် တော်လှန်ရေးအဖွဲ့များက အပေါ်စီးရနေပြီး ယခုစစ်ပွဲကို နိုင်နေပြီး နိုင်သွားမည်လည်း ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

“ တပ်မတော်ဆိုတဲ့ စစ်တပ်ဟာ စစ်ရှုံးနေပြီ။ နိုင်ငံရေးစစ်မျက်နှာမှာလည်း ကျရှုံးနေပြီ။ ကဏ္ဍအားလုံးမှာ ကျရှုံးနေပါပြီ” ဟု အရှေ့တီမောသမ္မတက ပြောသည်။

သို့သော် အရပ်သားပြည်သူ ပြည်သားများအပေါ် နိုင့်ထက်ပြုကျင့်အကြမ်းဖက်ခြင်းမျိုး မပြုကျင့်ရန်၊ ဖမ်းမိစစ်သုံ့ပန်းများအပေါ် အကြမ်းဖက်မှုမျိုး မဖြစ်လာရန် အရှေ့တီမောသမ္မတက အကြံပြုတိုက်တွန်းသည်။

“သူတို့အဆင့်ကို ဘယ်တော့မှ ဆင်းမသွားမိပါစေနဲ့။ အောင်မြင်မှုနဲ့အတူ နှလုံးရည်မြင့်မားတဲ့သူတွေဖြစ်ပါစေ။ အရင်က ရန်သူတွေကို မိတ်ဆွေတွေအဖြစ် လက်ကမ်းကြိုဆိုလိုက်ကြပါ။ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့၊ စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံ ပြည်လည်ထူထောင်ရေးမှာ မိတ်ဆွေတို့နဲ့အတူ ပါဝင်ဖို့ သူတို့ကို ဖိတ်ခေါ်လိုက်ကြပါ။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သူတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးမှာ အောင်နိုင်သူတွေကို ကမ္ဘာ့ကစံဲနမူနာယူရမယ့်သူတွေ ဖြစ်အောင် ပြုမူပါ။ ဒေါသတွေ လက်စားချေမှုတွေနဲ့ ရက်စက်ဖိနှိပ်မှုတွေ ကင်းတဲ့ လွတ်လပ်တဲ့ နိုင်ငံအဖြစ် စံနမူနာယူဖွယ် လူ့အသိုင်းအဝန်းတစ်ခုကို တည်

ဆောက်လိုက်ပါ။ မိတ်ဆွေတို့ဟာ မျှော်လင့်ချက်အပြည့်နဲ့ကြွယ်ဝတဲ့ နွေဦးအသစ်ကို ဦးဆောင်မယ့်သူတွေ ဖြစ်တယ်” ဟု သမ္မတ ဟိုဆေးရာမို့စ်ဟောတာက ပြောသည်။

အထက်ပါခေါင်းဆောင်များနှင့်အတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဥက္ကဋ္ဌ ခူရီးရယ်လည်း အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲကို ပရက်လူမှုအခြေပြုစင်တာ အကြီးတန်းအကြံပေး အစ်ဂေါဘလာဇီဗစ်က ဆွေးနွေးပွဲပံ့ပိုးပေးသူအဖြစ်ဆောင်ရွက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာကာဆစ်ပီရိုမြ၊ သြစတြေးလျလွှတ်တော်အမတ် ဂျနဲလ်ဆက်ဖ်ဖင်း၊ သြစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook