Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာပြီး PDFနှင့်ပူးပေါင်း၍ စစ်ကောင်စီအား တော်လှန်သွားမည်ဟု သတင်းရရှိသည်။

အလင်းဝင်ရဲဒုတပ်ကြပ်အား တွေ့ရစဥ်။ ဓာတ်ပုံ - FRF

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာပြီး PDFနှင့်ပူးပေါင်း၍ စစ်ကောင်စီအား တော်လှန်သွားမည်ဟု သတင်းရရှိသည်။

သြဂုတ် ၂၀ရက်က တန်ဆည်မြို့၊ မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် တစ်ဦးသည် Freedom Revolution Force (FRF) နှင့် မင်းကင်းရင်း(၂)တို့ ပူးပေါင်းအဖွဲ့ထံသို့ ဆက်သွယ်၍ အလင်းဝင်ရောက်လာခဲ့ကြောင်း Freedom Revolution Force၏ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“သူ့ဇာတိက မင်းကင်းကဆိုတော့ မင်းကင်းရင်းကနေ ချိတ်ဆက်ပြီး ဝင်လာတာ။ သူ တော်လှန်ရေးထဲပဲ ဆက်ပါမယ်လို့ပြောတယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

အလင်းဝင်လာသော ရဲဒုတပ်ကြပ်သည် G3 တစ်လက်၊ကျည်ဘောက် ၂ခု၊ ၇.၆၂ကျည် ၁၇၃တောင့်၊ ၅.၅၆ကျည် တစ်တောင့်၊9mm ပစ်စတိုကျည် ၇တောင့်၊ ၉လုံးရှော့ဂန်းကျည် ၁တောင့်၊လက်ပစ်ဗုံး တစ်လုံး နှင့် လက်ထိပ် တစ်ခုအား အပ်နှံခဲ့ပြီး ၎င်းအား ဆုချီးမြှင့်ရန် စီစဥ်နေကြောင်း သိရသည်။

ဩဂုတ် ၁၈ ရက်က ရွှေဘိုခရိုင်အတွင်းရှိ ဒီပဲယင်းမြို့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၈ ဦးသေဆုံးပြီး ၁၀ဦး ထိခိုက်ဒဏ်ရာရ၍ ကျန်စစ်ကောင်စီအဖွဲ့ဝင်များမှာ ထွက်ပြေးသွားခဲ့ကြသည်။

ထို့အပြင် ပျူစောထီး ၂ ဦးလက်နက်ချ အလင်းဝင်ခဲ့ပြီး Non-CDM ဝန်ထမ်း ၄၀ ဦး၊ အချုပ်သား ၂၀ ဦး၊ ပြည်သူ ၇၂ ဦးအားလည်း ကယ်တင်နိုင်ခဲ့သည်။ စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၂၂ လက်၊ ကျည်မျိုးစုံ ၄၉၀၀ခန့်၊ ဗုံးသီးမျိုးစုံ ၅၇ လုံး၊ မိုင်းမျိုးစုံ ၂၀ လုံး၊ ကျည်အိမ် ၈ခုနှင့် ငွေကျပ် သိန်း ၃၄၀ကျော် သိမ်းဆည်းရမိကြောင်း အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကို ရောက်ရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ဦးဟာ သင်တန်းဆင်းပြီး ၁လအကြာမှာ COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။