Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းရှိ မြို့နယ် ၅ခုကို KIAဦးဆောင်သည့် အမှတ်(၁)စစ်ဒေသ ထိုးစစ်ဆင်

အင်းတော်၊ ထီးချိုင့် ၊ ပင်လယ်ဘူးဒေသများ၌ တိုက်ပွဲပြင်းထန်

သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အား အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ် (၁) စစ်ဒေသ

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် အမှတ်(၁) စစ်ဒေသနှင့် တော်လှန်ရေးအင်အားစုများက စစ်ကိုင်းတိုင်းရှိ မြို့နယ် ၅ခုကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ဒေသအချို့၌ တိုက်ပွဲပြင်းထန်နေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့်ရက်များကတည်းက ဒေသအချို့၌ တိုက်ပွဲများရှိနေပြီး ယနေ့(ဩဂုတ် ၂၂ရက်)တွင် ပင်လယ်ဘူး၊ အင်းတော်၊ အင်းတော်မြို့နယ် နဘား၊ ထီးချိုင့်မြို့နယ် မြတောင်၊ ဟုမ္မလင်းနှင့် ကန့်ဘလူမြို့နယ်တို့၌ တိုက်ပွဲဖြစ်နေသည်ဟု ဆိုသည်။

” အင်းတော်၊ မြတောင်၊ ပင်လယ်ဘူဘက်မှာ တော်တော် ပြင်းထန်နေပါတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းအနက်ထီးချိုင့်မြို့နယ် မြတောင်စစ်ကောင်စီ ဗျူဟာ၏ ကာကင်းစခန်းသုံးခုကို KIA ပူးပေါင်းတပ်က ဩဂုတ် ၂၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ယခု ဖြစ်ပွားနေသည့် တိုက်ပွဲများအနက် အင်းတော်မြို့နယ် နဘားတိုက်ပွဲသည် စစ်ရေးအရ အရေးကြီးကြောင်း CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

“ကြည့်ရမှာက အင်းတော်နဲ့ နဘားပေါ့။ နဘားကိုသာ ရလိုက်ပြီဆိုရင် နဘားက လမ်းခွဲရှိတယ်တစ်ဖက်မှာ ကသာကိုသွားတဲ့ လမ်းခွဲ၊ ရှေ့ဆက်သွားရင် နမ့်စီးအောင် ၊ နမ့်စီးအောင် ပြီးသွားရင် ကချင်ပြည်နယ်ထဲကို စရောက်သွားပြီပေါ့။ အဲဒီတော့ အဓိကတော့ နဘားကိုဖိတိုက်လိမ့်မယ်။ နဘားကိုဖိတိုက်လိုက်ရင် နမ့်စီးအောင်၊ မိုးညှင်း အဲဒီအထိ ထိန်းချုပ်ပြီးသားဖြစ်သွားမယ်။ ဖြစ်သွားရင် မပခကနေ မြစ်ကြီးနားကနေ ကွက်ကွက်လေးလောက်ပဲ ကျန်တော့မယ်။ အဲဒီအနေအထားနဲ့ တိုက်နေတာလို့ သုံးသပ်ပါတယ်”ဟု ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်က ဦးဆောင် တိုက်ခိုက်ပါက မဟာဗျူဟာအရ စနစ်တကျစီမံချက်ချတိုက်ခိုက်ခြင်းဖြစ်ဟု ၎င်းက ဆိုသည်။

” ကချင်တွေကလည်း စစ်တပ်နဲ့ စကစနဲ့ နှစ်ရှည်တိုက်လာခဲ့တာ အဲဒီတော့ သူတို့ စီမံချက်ချပြီး ဒါသေချာတိုက်တာမျိုးဖြစ်ပါလိမ့်မယ်။ အချိန်တိုအတွင်း အောင်ပွဲခံမလားဆိုတာတော့ စကစ အင်အားဖြည့်တင်းမှုရှိတယ်။ စောစောက ကျနော်ပြောတဲ့ နဘားဆိုရင် မိုးညှင်း နမ့်စီးအောင်၊ မော်လူး အဲဒီဘက်ကနေ စစ်ကူ အလျင်အမြန်လာနိုင်တဲ့အနေအထားရှိတယ်။ ဒါပေမဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ အနေအထားကလည်း စစ်ကို မြှူပြီးတိုက်တာပေါ့နော်။ အဲဒီလို တိုက်တာဆိုတော့ နဘားက အဖွဲ့တွေ မိုးညှင်းဘက် တဖြည်းဖြည်းရွှေ့သွားလိမ့်မယ်ထင်တယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

KIA အနေဖြင့် သပိတ်ကျင်းမြို့နယ် စစ်ဆင်ရေး၌လည်း ပါဝင်တိုက်ခိုက်နေသကဲ့သို့ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း မိုးမောက်မြို့နယ် ခမရ(၄၃၇) စစ်ကောင်စီစခန်းကို သိမ်းပိုက်ကာ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)အခြေစိုက်ရာ ဗန်းမော်မြို့ကို ဖိအားပေးနိုင်သည့် အထိ စစ်ရေးအောင်မြင်မှု ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။