Connect with us

Hi, what are you looking for?

သတင်း

အနန်းကွင်းဗျုဟာမကျဖို့ စစ်ကောင်စီခုခံနေ

ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ – သံဖြူဇရပ် ကားလမ်းပေါ် က အနန်းကွင်း ရွာ အခြေစိုက်တဲ့ဗျုဟာ စခန်းကို လက်မလွှတ်ရဖို့ စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီး သုံးပြီး အပြင်းအထန် ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ – သံဖြူဇရပ် ကားလမ်းပေါ် က အနန်းကွင်း ရွာ အခြေစိုက်တဲ့ဗျုဟာ စခန်းကို လက်မလွှတ်ရဖို့ စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီး သုံးပြီး အပြင်းအထန် ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

အနန်းကွင်းဗျုဟာစခန်းဟာ KNU တပ်မဟာ (၆ )စစ်ရေးလှုပ်ရှားရာနယ်မြေမှာရှိပြီး သြဂုတ်လ ဒုတိယပတ်ကစတင်ကာ KNU ဦးစီးတဲ့ ပူးပေါင်းတပ်တွေက ဝန်းရံ ပိတ်ဆို့တိုက်ခိုက်နေတာပါ။

Public Service Announcement

Public Service Announcement

အဲဒီစခန်းဟာ မွန်ပြည်နယ် ၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဗျုဟာ စခန်းဖြစ်ပြီး ဘုရားသုံးဆူ – သံဖြူဇရပ် လမ်းပိုင်းကိုစိုးမိုးထားတဲ့ စခန်းဖြစ်ပါတယ်။

ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့အတွက် KNU ဦးစီးတဲ့ ပူးပေါင်းတပ်က အနန်းကွင်း ဗျုဟာကို တိုက်ခိုက်နေတာပါ။

စစ်ကောင်စီကလည်း ဗျုဟာ စခန်း လက်မလွှတ်ရဖို့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို အဆက်မပြတ် ပြုလုပ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒီနေ့မှာသြဂုတ်လ ၂၄ ရက်မှာဆိုရင် အနန်းကွင်းရွာအနီးက လွတ်ရှမ်းရွာ ဘက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ လွတ်ရှမ်းရွာမှာလည်းစစ်ကောင်စီက နေရာယူတပ်စွဲထားတာ ရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးဒဏ်ကြောင့် လွတ်ရှမ်းရွာကဘုန်းကြီးကျောင်းနဲ့ နေအိမ် တွေ ထိမှန်ပျက်စီးသလို အနန်းကွင်းရွာမှာလည်း တစ်ရွာလုံးနီးပါး ပျက်စီးခဲ့ရပြီး ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

“ရွာတွေ တရွာမှမရှိတော့ဘူး ပြာကျကုန်ပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အနန်းကွင်းဒေသ စစ်ရေးအခြေအနေတွေကြောင့် အနန်းကွင်းနဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေ ပိတ်ထားရသလို ဘုရားသုံးဆူ-သံဖြူရပ်၊ ဘုရားသုံးဆူ-ခလယ်တံခွန်တိုင်-မုဒုံ ကားလမ်းပိုင်းတွေမှာ သွားလာရေး ခက်ခဲနေကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။