Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်အမှု စုံစမ်းခံနေရတဲ့ မလေးရှားဒုဝန်ကြီးဟောင်း မြန်မာနိုင်ငံကို ရောက်နေ

လူမှောင်ခိုမှုတွေအပါအဝင် ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေး ခံနေရတဲ့မ​လေးရှား ဒုတိယ ဝန်ကြီး​ဟောင်း တစ်ဦးဟာ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခရီးစဉ်တစ်ခု သွားရောက်နေကြောင်း မလေးရှား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

မ​လေးရှားဒုဝန်ကြီး​ဟောင်းနဲ့ ခင်ပွန်းကို မ​လေးရှားရဲများနဲ့အတူ​တွေ့ရစဥ်။ ဓါတ်ပုံ - အီဗရာဟင်​ဖေစ်ဘွခ်

ယောနသံ/People’s Spring

လူမှောင်ခိုမှုတွေအပါအဝင် ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေး ခံနေရတဲ့မ​လေးရှား ဒုတိယ ဝန်ကြီး​ဟောင်း တစ်ဦးဟာ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခရီးစဉ်တစ်ခု သွားရောက်နေကြောင်း မလေးရှား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ဝန်ကြီးချုပ်ရုံး ဒုတိယ ဝန်ကြီး​​​ဟောင်းဖြစ်သူ ဒေါက်တာ မာရှီတာ အီဘရာဟင်ဟာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရည်ရွယ်ချက်အတွက် မြန်မာနိုင်ငံကို သွားရောက်နေတာလို့ မလေးရှား ရဲတပ်ဖွဲ့ရဲ့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန (CID) အကြီးအကဲ မိုဟာမက် ရှူဟိုင်လီ မိုဟာမက် ဇိန်းက ပြောပါတယ်။ တစ်ဖက်မှာလည်း ရဲတပ်ဖွဲ့ဟာ အီဘရာဟင်ကို မြန်မာနိုင်ငံ အခြေစိုက်လူမှောင်ခိုဂိုဏ်း တစ်ခုနဲ့ ပတ်သက်တဲ့ စုံစမ်း မေးမြန်းမှုတွေ လုပ်ဆောင်နေဆဲလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရဲတပ်ဖွဲ့ အနေနဲ့ အီဘရာဟင်က ထိုင်းနဲ့ နယ်စပ်နားမှာရှိတဲ့ မြန်မာပိုင် မြဝတီမြို့ကို အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စနဲ့ ရောက်ရှိနေတယ် ဆိုတာကို အတည်ပြုနိုင်ကြောင်း ဇိန်းက စက်တင်ဘာ ၃ ရက်မှာ မှတ်ချက်ပေးခဲ့ပါတယ်။

တစ်နည်းအားဖြင့် CIDဟာ ဒုတိယဝန်ကြီးဟောင်းရဲ့ ပြည်ပ ခရီးစဉ်တွေကိုကြားဖြတ်ဟန့်တားမှုမရှိတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အီဘရာဟင် အပါအဝင် လူပုဂ္ဂိုလ် ၅ ဦးကို မြန်မာနိုင်ငံမှာ မလေးရှားနိုင်ငံသားတွေ ဆက်စပ် ပါဝင်နေတဲ့လူမှောင်ခို ကိစ္စတွေနဲ့ ပတ်သက်ပြီး ထွက်ချက်ယူမှုတွေ၊ စုံစမ်းမေးမြန်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ရွှေကုက္ကိုလ်ရှိ ကုမ္ပဏီ ဖွင့်ပွဲ၌ ​တွေ့ရတဲ့ မ​လေးရှားဒုဝန်ကြီး​ဟောင်း။ ဓါတ်ပုံ – အီဗရာဟင်​ဖေစ်ဘွခ်

ဒေါက်တာ မာရှီတာ အီဘရာဟင်ကို စစ်ကောင်စီ နဲ့ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)တို့က အကာအကွယ်ပေးထားတယ်လို့ နေပြည်တော်က သတင်းရင်းမြစ်တစ်ဦးက People’s Spring ကို​ပြောပါတယ် ။

နေပြည်တော် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကို People’s Spring က စက်တင်ဘာလ ၃ရက် မေးမြန်းခဲ့ရာ ဒေါက်တာ အီဘရာဟင်ဟာ ရွှေကုက္ကိုယ်မှာ​ရောက်နေပြီး သူတို့ကို စစ်ကောင်စီနဲ့ BGF ကိုယ်တိုင်က အကာအကွယ်ပေးထားတယ်လို့ အထက်ပါရဲအရာရှိကပြောပါတယ် ။

အီဘရာဟင်ဟာ နိုင်ငံတကာ လူမှောင်ခို ဂိုဏ်းတစ်ခုရဲ့ နောက်ကွယ်မှာ အဓိက ကြိုးကိုင်ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဩဂုတ် ၂၈ ရက်နေ့မှာ ထွက်ပေါ်လာတဲ့နောက် CIDက သူ့ကို စုံစမ်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

မလေးရှားလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ (MHO)က အီဘရာဟင်နဲ့ ခင်ပွန်းဖြစ်သူ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဟီရှာမက်ဒင် ဟာဒင်တို့ဟာ လူမှောင်ခိုမှုတွေနဲ့ ဆက်စပ်နိုင်တယ်ဆိုတဲ့ သံသယ စက်ကွင်းအောက်မှာ၂၀၂၀ပြည့်နှစ်လောက် ကတည်းက ရှိနေခဲ့တယ်လို့ပြောပါတယ်။

ဒါ​ပေမယ့် မလေးရှား ဒုတိယဝန်ကြီးဟောင်း နဲ့ ခင်ပွန်းဖြစ်သူ တို့ဟာ Dongmei Park အမည်ရ လူကုန်ကူးမှု၊မူးယစ်ဆေးအပါဝင် အွန်လိုင်းလုပ်ငန်း​တွေမှာ ပါဝင်ပတ်သက်နေတယ်လို့ နာမည်ကြီး သုတေသနအဖွဲ့ Justice For Myanmar (JFM) ကမေလက ထုတ်ပြန်သည့် အစီရင်ခံစာမှာစတင်​​ဖော်ပြခဲ့တာပါ။ ဖော်ပြပြီး ၃လအကြာမှာ မလေးရှားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလာတာဖြစ်ပါတယ်။

၎င်းတို့နှစ်ဦး၏ ထွက်ဆိုချက်များကိုရယူထားပြီဖြစ်ပြီး သက်သေများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအရာရှိချုပ် Tan Sri Razarudin Husain ၏ ပြောကြားမှုကို မလေးရှားအစိုးရပိုင် သတင်းစာများတွင် ဩဂုတ် ၂၉ရက် က ဖော်ပြခဲ့သည်။

မ​လေးရှားဒုဝန်ကြီး​ဟောင်း။ဓါတ်ပုံ – JFM

စွပ်စွဲချက်များကို အီဗရာဟင်က ငြင်းဆိုထားပြီး ၂၀၂၀ ခုနှစ်က Dongmei Park ကို မိတ်ဆွေတဦး၏ဖိတ်ခေါ်မှုနဲ့ အလည်အပတ် သွားခဲ့တာဖြစ်ပြီးအဲဒီ ခရီးစဉ်နဲ့ ဆက်စပ် စွပ်စွဲခံရတာဖြစ်တယ်လို့ သူရဲ့ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ​ရေးသား​ထားပါတယ် ။Dongmei Park ဟာ လေးလေ့ကေ့ကော်မြို့သစ်အနီးမှာ တည်ရှိပြီး​တော့ BGF က လုံခြုံရေးယူပေးထားတယ်လို့သိရပါတယ်။

ရထိုက်ကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ မြဝတီ၊ ရွှေကုက္ကိုမြို့သစ် စီမံကိန်းဟာ BGFနဲ့ အကျိုးတူ လုပ်ငန်း လုပ်ကိုင်နေတာဖြစ်ပါတယ် ။အဲဒီ စီမံကိန်းမှာ မြောက်မြားစွာသော ငွေလိမ်ဂိုဏ်း​တွေ၊ လူကုန်ကူးမှု​တွေ၊ကျားဖျန့် အွန်လိုင်းလုပ်ငန်း​တွေ ရှိနေတယ်လို့ ပြီး JFMက စုံစမ်းဖော်ထုတ်ထားပါတယ် ။အဆိုပါလုပ်ငန်းများထံမှ BGFမှာ အကျိုးအမြတ်များစွာရရှိနေတယ်လို့ သတင်း​တွေကဆိုပါတယ် ။

ဒုဝန်ကြီး​ဟောင်း ရဲ့ အမှုနဲ့ ဆက်စပ်ပြီး မ​လေးရှားရဲတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော် အခြေစိုက် blogger တစ်ယောက်ကိုလည်း အွန်လိုင်းကနေ ချိတ်ဆက်ပြီး စုံစမ်းမေးမြန်း စစ်ချက်ယူခဲ့ပါတယ်။

CIDနဲ့ ရဲတွေဟာ လူမှောင်ခို ဂိုဏ်းတစ်ခုနဲ့ ဆက်စပ်နိုင်တဲ့ လူပုဂ္ဂိုလ်တွေကို ဖြန့်ကျက် ဖော်ထုတ်နိုင်ဖို့ အဓိက ရည်ရွယ် လုပ်ဆောင်နေတာလို့ ပြောပါတယ်။ ဇိန်းက ပြည်သူတွေ အနေနဲ့ နိုင်ငံရပ်ခြားကနေ၊ အထူးသဖြင့် လိမ်လည်မှုတွေနဲ့ ပတ်သက်လို့ နာမည်ဆိုး ထွက်နေတဲ့ နိုင်ငံတွေကနေ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ကမ်းလှမ်းမှုတွေ ရရှိလာရင် အထူးသတိထားဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီအတောအတွင်း YouTubeမှာ တင်ထားတဲ့ ဗီဒီယို တစ်ခုဟာ တခြား အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားမှာ အတော်လေး ဂယက်ထစေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ လူမှောင်ခို ဂိုဏ်းတစ်ခုဟာ အင်ဒိုနီးရှား နိုင်ငံသား တော်တော်များများကို လူမှောင်ခို ကုန်ကူးပြီး အဓမ္မ ခိုင်းစေတာ၊ ညှင်းပန်းနှိပ်စက်တာတွေအပြင် ကိုယ်တွင်းကလီစာ ရောင်းဝယ်မှုတွေအတွက် အမြတ်ထုတ်တာ၊ နောက်ဆုံးအဆင့် သတ်ဖြတ်တာတွေထိ ကျူးလွန်နေကြောင်း အဲဒီဗီဒီယိုမှာ ဖော်ပြပါရှိခဲ့ပါတယ်။

ကိုးကား -Straits Times

ဆက်စပ်သတင်းများ

သတင်း

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဖက်ဒရယ်ထောက်လှမ်းရေး ဗျူရို (FBI) နဲ့ ထိုင်းအစိုးရတို့က ကျားဖြန့် အပါအဝင်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ သဘောတူညီမှုရရှိခဲ့​ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားပါတယ်။