Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ဆီက စစ်သင်္ဘောနှစ်စီး လက်ခံရရှိမယ်လို့ ကမ္ဘောဒီးယားပြော

တရုတ်ဆီကနေ စစ်သင်္ဘောနှစ်စီး လက်ခံရရှိမှာ ဖြစ်တယ်လို့ ကမ္ဘောဒီးယား အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။

မကြာခင်မှာ စစ်သင်္ဘော နှစ်စီးကို တရုတ်ဆီကနေ ပေးပို့လာမယ်လို့ မျှော်လင့်ကြောင်း၊ အဲဒီရေယာဉ်တွေဟာ နိုင်ငံရဲ့ ကာကွယ်ရေး ကဏ္ဍကို သိသာထင်ရှားတဲ့ အားဖြည့်မှုတွေ ရရှိစေမှာဖြစ်ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာလီ ဆိုချီယာတာက ပြောပါတယ်။

မဟာဗျူဟာအရ အချက်အခြာကျတဲ့ ထိုင်းပင်လယ်ကွေ့ ဒေသမှာ တရုတ်က စစ်ရေးဩဇာ ဖြန့်ကျက်နိုင်စွမ်း ပိုအားကောင်းလာမှာကို အမေရိကန်က စိုးရိမ်နေတဲ့ အခြေအနေမှာပဲ အခုသတင်း ထွက်ပေါ်လာတာပါ။

ကမ္ဘောဒီးယားဟာ တရုတ်ရဲ့ အနီးစပ်ဆုံး မဟာမိတ် နိုင်ငံတစ်ခု ဖြစ်သလို ကမ္ဘောဒီးယားရဲ့ ရီယမ် ရေတပ်စခန်း မွမ်းမံ တည်ဆောက်မှုမှာ တရုတ်ရဲ့ ဘဏ္ဍာရေး အထောက်အပံ့တွေ ပါဝင်နေတဲ့အပေါ် အမေရိကန်က စိတ်ပူနေပါတယ်။ အပေးအယူ အနေနဲ့ တရုတ်ဟာ အဲဒီရေတပ်စခန်းရဲ့ အစိတ်အပိုင်း တချို့မှာ နေရာယူ ဖြန့်ကျက်တာမျိုး တောင်းဆိုလာနိုင်ခြေအပေါ် အမေရိကန်က သံသယ ဝင်နေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆိုချီယာတာရဲ့ အဆိုအရ တရုတ်ဟာ Type 056Cလို့ ကုတ်ဒ်အဆင့်အတန်း သတ်မှတ်ထားတဲ့ စစ်သင်္ဘော နှစ်စီးကို အစောဆုံးအဖြစ် ၂၀၂၅ နှစ်ဆန်းပိုင်းလောက်မှာ ပေးပို့လာနိုင်ဖွယ် ရှိတယ်လို့ ပြောပါတယ်။ သင်္ဘော နှစ်စီးစလုံးဟာ ကမ္ဘောဒီးယားရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် သီးသန့် တည်ဆောက်ထားတာလို့လည်း သူက ပြောပါတယ်။

တရုတ်က ပေးအပ်တဲ့ အကူအညီရဲ့ ရည်ရွယ်ချက်ဟာ ကမ္ဘောဒီးယားရဲ့ ကာကွယ်ရေး စွမ်းရည်ကို ကူညီ မြှင့်တင်ဖို့၊ ရေကြောင်းသွားလာမှု ငြိမ်းချမ်းရေးအတွက် အာမခံချက် ရှိစေဖို့၊ ဒေသရဲ့ လုံခြုံမှုနဲ့ တည်ငြိမ်မှုကို အားပေးဖို့၊ လိုအပ်လာရင် ပင်လယ်ပြင်မှာ လူသားချင်းစာနာမှု လုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေဖို့ ဖြစ်တယ်လို့လည်း ဆိုချီယာတာက ဆိုပါတယ်။

ရီယမ် ရေတပ်စခန်းကို မူလက အမေရိကန် အထောက်အပံ့ တစ်စိတ်တစ်ပိုင်း အသုံးပြု တည်ဆောက်ခဲ့ပြီး ပြုပြင်မွမ်းမံမှု အပိုင်းမှာတော့ တရုတ်က ငွေကြေးထည့်ဝင် ကူညီထားတာ ဖြစ်ပါတယ်။ တကယ်လို့ တရုတ်သာ အဲဒီ ရေတပ်စခန်းကို အသုံးပြုခွှင့် ရခဲ့မယ်ဆိုရင် ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ် ရေပြင်နားက ထိုင်းပင်လယ်ကွေ့မှာ မဟာဗျူဟာ အခြေစိုက် နေရာတစ်ခု တစ်ခုကို ရရှိသွားနိုင်တယ်လို့ အမေရိကန်က မှတ်ချက် ပေးထားပါတယ်။

မနှစ်တုန်းက ကမ္ဘောဒီးယားဟာ ၃၆၃ မီတာ ရှည်လျားတဲ့ ဆိပ်ခံတစ်ခု တည်ဆောက်မှုနဲ့ ပတ်သက်ပြီး တရုတ် လေယာဉ်တင် သင်္ဘောတွေ ဆိုက်ကပ်နိုင်အောင် ရည်ရွယ်ထားတာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ဖူးပါတယ်။

ဆိုချီယာတာက ရီယမ် ရေတပ်စခန်းရဲ့ တိုးချဲ့မွမ်းမံမှုတွေ ပထမအဆင့်ဟာ ပြီးစီးခဲ့ပြီဖြစ်ပြီး ဒုတိယအဆင့် လုပ်ငန်းတွေ အကောင်အထည် ဖော်နေကြောင်း၊ မကြာခင် ပြီးစီးဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

ပြီးတော့ အဲဒီ ရေတပ်စခန်းကို နိုင်ငံရပ်ခြား ရေတပ်တစ်ခုခုက အခြေစိုက် အသုံးပြုမှာ မဟုတ်သလို ကမ္ဘောဒီးယားဟာ ပြည်တွင်းမှာ နိုင်ငံခြား တပ်တွေ အမြဲတမ်း အခြေစိုက်တာမျိုးကို လုံးဝ လက်ခံမှာ မဟုတ်ကြောင်းလည်း သူက အခိုင်အမာ အာမခံသွားခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဝဲမဒေသအနီးက စစ်တပ်စစ်ကြောင်းတွေ စက်တင်ဘာ ၂၃ရက်မှာ ပြန်ဆုတ်ခွာသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook