Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့နယ်ကိုလည်း စစ်ကောင်စီလေကြောင်း တိုက်ခိုက်

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄) ဘက်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောသည်။

မင်းတပ်မြို့နယ် တိုက်နယ်(၄)ဘက်ရှိ ကျေးရွာတစ်ရွာကို ယမန်နေ့ညတွင် လေကြောင်း တိုက်ခိုက်မှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄) ဘက်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောသည်။

စက်တင်ဘာ ၆ရက် နံနက်အစော ၂နာရီ ၄၀ မိနစ်ခန့်တွင် တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အထိအခိုက်)မသိရသေးဘူး။ ဖုန်းလိုင်းမရ” ဟု မင်းတပ်ဒေသခံက ပြောသည်။

စစ်ကောင်စီက မင်းတပ်မြို့နယ်အား လေကြောင်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည့် အကြောင်းအရင်းကို မသိရဟုလည်း ၎င်းက ဆိုသည်။

” မြို့ကိုလာတိုက်(မြို့သိမ်းတိုက်ပွဲဆင်နွှဲ)မှာ စိုးရိမ်ကြလို့နေမှာပါ”ဟုလည်း မင်းတပ်ဒေသခံက သုံးသပ်သည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၄ရက်ကလည်း မင်းတပ်မြို့ပေါ်ကို တိုက်လေယာဉ်ဖြင့် ဗုံး ၈လုံးခန့် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ခလရ(၂၇၄) စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းဒေသခံက အသိပေးထားသည်။

ထို့အပြင် စက်တင်ဘာ ၃ရက်ကလည်း စစ်ကောင်စီတပ်သည် မင်းတပ်မြို့ရှိ ခလရ(၂၇၄) တပ်ရင်းသို့ လေကြောင်းမှ လက်နက်ခဲယမ်းထုပ်များ လေထီးဖြင့်ချ၍ ဖြည့်တင်းခဲ့သည်ဟုဆိုသည်။ ဩဂုတ် ၂၈ရက်နှင့် ၃၁ရက်များကလည်း စစ်ကောင်စီသည် လေယာဉ်ဖြင့်ရိက္ခာခဲယမ်းထုပ်များ ဖြည့်တင်းခဲ့သည်။

စစ်ကောင်စီတပ်သည် ဩဂုတ်အတွင်းကလည်း မင်းတပ်မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့ရာ ထိခိုက်ပျက်စီးသေဆုံးမှုများ ရှိခဲ့သည်။

စစ်ကောင်စီတပ်ကထိုသို့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လာ၍ တိုက်ပွဲများအချိန်မရွေးဖြစ် နိုင်ကြောင်းလည်း မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က ဩဂုတ်အတွင်းက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ကရင်နီနှင့်တအာင်းဒေသများ၌လည်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကို လေကြောင်း တိုက်ခိုက်မှုများ ယခုရက်ပိုင်းအတွင်းလုပ်ဆောင်လျက်ရှိ၍ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

Facebook