Connect with us

Hi, what are you looking for?

သတင်း

ပင်လည်ဘူးနှင့် ပန်ဝါမှ စစ်ကောင်စီတပ်စခန်း အချို့ KIAပူးပေါင်းတပ် သိမ်းပိုက်

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ် ကာကင်းစခန်းအချို့နှင့် ကချင်ပြည်နယ် ပန်ဝါဒေသရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်း အချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့ သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီ​၏ ရဲစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ် ကာကင်းစခန်းအချို့နှင့် ကချင်ပြည်နယ် ပန်ဝါဒေသရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်း အချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့ သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ဩဂုတ်လကတည်းက KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီ စခန်းအချို့အား ယနေ့ (စက်တင်ဘာ ၆ရက်) သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” ပင်လည်ဘူးမှာ စခန်းတစ်ခု ကျန်သေးတယ်။ စခန်းကြီးငယ် ပေါင်း ၅ခုရှိတာ။ ကာကင်းစခန်းတွေ အကုန်ရပြီ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သုံ့ပမ်းနှင့် လက်နက်ခဲယမ်းများရရှိကြောင်း သတင်းရင်းမြစ်က ပြောပြထားသော်လည်း သီးခြားအတည်ပြုချက်မရပေ။

“(ပင်လည်ဘူးမှာ)တပ်ရင်းဌာနချုပ်တော့ မရှိဘူး။ စခတပ်နဲ့ ပြည်သူ့စစ်၊ပျူတွေ စုပေါင်းစခန်းထိုင်ထားတာ။ KIA နဲ့ PDFပူးပေါင်းတိုက်ခိုက် တာ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူအား ပင်လည်ဘူးဒေသ တိုက်ပွဲအခြေအနေကို မေးမြန်းရာ ပင်လည်ဘူးမြို့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ စစ်ဒေသ(၁)နယ်မြေဖြစ်နေကြောင်း၊ ကချင်ပြည်နယ် ပြင်ပဖြစ်နေ၍ အတည်ပြုနိုင်ခြင်းမရှိကြောင်း ဖြေကြားသည်။

KIA သတင်းပြန်ကြားရေးဌာန၏ ဩဂုတ် ၂၂ရက် တိုက်ပွဲသတင်းဖော်ပြချက်တွင် KIA တပ်မဟာ (၈) ပူးပေါင်းတပ်ဖွဲ့များသည် ပင်လည်ဘူး၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ဩဂုတ် ၂၂ရက်က စတင်ထိုးစစ်ဆင်နေကြောင်းအသိပေးသည်။

KIA၊PDF ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုရှိခဲ့ကြောင်း လည်းKIA သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့သည်။

အမှတ်(၁) စစ်ဒေသအတွင်းရှိ အင်းတော်၊ နဘား၊ထီးချိုင့်၊ ပင်လည်ဘူးဒေသရှိ စစ်ကောင်စီတပ် များကို KIAပူးပေါင်းတပ်က ဩဂုတ်အတွင်း၌ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထို့အပြင် ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသရှိ စစ်ကောင်စီ လက်အောက်ခံပြည်သူ့ စစ်စခန်းတစ်ခုကိုလည်း KIA/PDFပူးပေါင်းတပ်က ယနေ့နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပန်ဝါဒေသ လဂွေကျေးရွာအနီးရှိ လဂွေ-ဖရဲ လမ်းဆုံရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို စက်တင်ဘာ ၆ရက် မနက် ၈နာရီ ၄၀ခန့်တွင် သိမ်းနိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA တပ်မဟာ(၇) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ ထွက်ပြေးသွားသည်ဟု ဆိုသည်။

လက်နက်ခဲယမ်း၊ သုံ့ပမ်း ရရှိမှုရှိမရှိ အသေးစိတ် အခြေအနေများ မသိရသေးဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။