Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်မှာ မိုးကြီး

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ ယာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် စက်တင်ဘာလ ၆ရက် က ရန်ကုန်မြို့ ၊ မြို့နယ်အများစုမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်

ရောင်နီ /People’s Spring

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ ယာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် စက်တင်ဘာလ ၆ရက် က ရန်ကုန်မြို့ ၊ မြို့နယ်အများစုမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရန်ကုန်မှာ နေ့လယ် ၁ နာရီခန့်ကစတင်ပြီး ညနေပိုင်းအထိ မိုးသည်းခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ ရေကြီးရေလျှံမှုနဲ့အတူ ယာဉ်ကြောပိတ်ဆို့မှုပါ ဖြစ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

လမ်းမတွေ ပေါ် ရေကြီးရေလျှံမှုတွေကြောင့် ရန်ကုန်မြို့က နေရာအချို့မှာ နာရီနဲ့ကြာမြင့်တဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဆီဝင်ရောက်တိုက်ခိုက်တဲ့ ယာဂီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံက ဒေသအများစုမှာ အခုရက်ပိုင်းအတွင်း မိုးများနိုင်တယ်လို့ မိုးလေဝသ သတင်းဝက်ဆိုက်တွေမှာ အသိပေးထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။