Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်နေသောစွယ်တော်ကုန်းသို့ စစ်ကောင်စီလေကြောင်းမှပေးပို့သော ပစ္စည်းထုပ်များ ကော်ဘရာပူးပေါင်းတပ်ရရှိ

မြဝတီမြို့အနီး စွယ်တော်ကုန်းနှင့် အာရှလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်

စစ်ကောင်စီ​၏ ပစ္စည်းထုပ်မှ ဘတ္ထရီ အားတွေ့ရစဉ်။ ဓာတ်ပုံ - CJ

ကိုပုဂံ/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီးရှိ စွယ်တော်ကုန်းဗျူဟာ (အမြောက်တပ်ကုန်း)သို့ လေယာဉ်ဖြင့် လာပို့သည့်ပစ္စည်းအထုပ်များအား တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိခဲ့သည်။

စစ်ကောင်စီသည် စက်တင်ဘာ ၅ရက်က Y-12လေယာဉ်ဖြင့် စွယ်တော်ကုန်းဗျူဟာသို့ ပစ္စည်းထုပ်များအား လေထီးဖြင့်ချ ပို့ပေးရာ အဆိုပါတောင်ကုန်းအား ဝိုင်းပတ်ပိတ်ဆို့ထားသော ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များ ရရှိခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“စကစရဲ့ အခြေအနေက ဘတ္ထရီနှစ်လုံးနဲ့ ဆီပုံးနှစ်ပုံးကို Y-12နဲ့ပို့ပေးရတဲ့ အခြေအနေပဲ။ ပဲထုတ်တစ်ထုပ်ပါတယ်ပြောတယ်။ အထုပ်လေးထုပ် ရတာ”ဟု People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ပစ္စည်းထုပ်များရရှိမှုနှင့်ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူးဗိုလ်စောကော်က “ကရင်လေသံနဲ့ပြောရမယ်ဆိုရင်တော့ ကြီးစူးဘဲ မိအော်လယ်”ဟု ၎င်း​၏ လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

လက်ရှိတွင် စွယ်တော်ကုန်းနှင့် ဒေါနတောင်ပေါ် ရင်ကွဲတောင်အနီး အာရှလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေသည်။

ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များ ဝန်းရံပိတ်ဆို့တိုက်ခိုက်နေသော စွယ်တော်ကုန်းဗျူဟာစခန်းတိုက်ပွဲမှာ ညစဉ်တိုက်ပွဲပြင်းထန်နေသည်။

စက်တင်ဘာ ၅ရက်ညက တိုက်ပွဲပြင်းထန်ခဲ့ပြီး ယမန်နေ့ညကလည်း တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့သည်။

စစ်ကောင်စီ၏အောင်ဇေယျစစ်ကြောင်း တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းအား လက်နက်ကြီးပစ်ကူများဖြင့် အသုံးပြုပစ်ခတ် ပေးနေသော စွယ်တော်ကုန်းအမြောက်တပ်အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်ပြီး ဩဂုတ် ၂၉ရက်က စတင်တိုက်ပွဲပြင်းထန်ခဲ့သည်။

ထို့အပြင် ဒေါနတောင်ပေါ် ရင်ကွဲတောင်အနီး အာရှလမ်းပိုင်းတွင်လည်း အောင်ဇေယျစစ်ကြောင်းနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေကြောင်းလည်း People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အာရှလမ်းပိုင်း၌ စက်တင်ဘာ ၆ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုများခဲ့ပြီး တော်လှန်ရေးတပ်များက လက်နက်များ သိမ်းဆည်းရခဲ့သည်ဟု ဆိုသည်။

“မနေ့က အတော်ထိတယ်။ သေနတ်တွေ မနည်းဘူးကျန်တယ်။ သေနတ်တွေကျန်တယ်ဆိုကတည်းက သေတာမနည်းဘူး”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ညက လက်နက်ကြီးပစ်သံများမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကပင် ကြားနေရသည်။ ညဦးပိုင်းကတည်းက စတင်ပစ်ခတ်ရာ ည ၂နာရီကျော် အထိ ဆက်တိုက်ပစ်ခတ်နေခြင်း ဖြစ်သည်။

“မစ်ဇိုင်းတွေနဲ့ ကော့ကရိတ်ကနေ ပစ်ကူပေးနေတာ စကစက”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်းမှာ အင်အားအချို့ နုတ်ထုတ်သွားသော်လည်း အင်အား ၂၀၀ကျော် ကျန်ရှိနေသေးသည်ဟု ဆိုသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်နှင့် လေးကေ့ကော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားရာ အဆိုပါနေရာအနီးတွင် စွယ်တော်ကုန်းတပ်ရင်းတစ်ခုသာ ကျန်ရှိနေသည်။

အဆိုပါစွယ်တော်ကုန်းတပ်စခန်းအား ကော်ဘရာပူးပေါင်းတပ်များက ယခင်ကလည်း မကြာခဏတိုက်ခိုက်နေရာ ယခုအကြိမ်တွင် ဝန်းရံပိတ်ဆို့ထားနိုင်သည့် အခြေအနေဖြစ်သည်။ ထို့အပြင် စွယ်တော်ကုန်းအောက်ရှိ ရေကန်ကုန်း ကာကင်းစခန်းကို ကော်ဘရာပူးပေါင်းတပ်က ယခုနှစ် မတ်လ ၃၁ရက်တွင် သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။