Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်နေ၍ ရှမ်းမြောက်ဒေသခံအများစု နေရပ်မပြန်ရဲသေးဟု SSPP ထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်းတကြောတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျှက်ရှိပြီး အချို့သော မြို့ နယ် များတွင်လည်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ၍ ဒေသခံပြည်သူအများစုမှာ နေရပ်မပြန်ရဲသေးသည့် အခြေအနေမျိုးဖြစ်နေကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)က ထုတ်ပြန်သည်။

စက်တင်ဘာ ၆ရက်က နန့်ခမ်းမြို့ ညစျေးအနီးအား စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ရှမ်းပြည်မြောက်ပိုင်းတကြောတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျှက်ရှိပြီး အချို့သော မြို့ နယ် များတွင်လည်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ၍ ဒေသခံပြည်သူအများစုမှာ နေရပ်မပြန်ရဲသေးသည့် အခြေအနေမျိုးဖြစ်နေကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)က ထုတ်ပြန်သည်။

SSPP ဌာနချုပ် ဝမ်ဟိုင်းသို့ စစ်ရှောင်လာသည့် ပြည်သူများအား အကူအညီပေးအပ်မှု အခြေအနေကို စက်တင်ဘာ ၈ရက်ကထုတ်ပြန်စဉ် အထက်ပါအတိုင်း ထည့်သွင်း ဖော်ပြခဲ့သည်။ တိုက်ပွဲဖြစ်ပွားရာမြို့နယ်များမှ SSPPဌာနချုပ်သို့ ခိုလှုံလာသူများကို စက်တင်ဘာ ၇ရက်က ထပ်မံ၍ထောက်ပံ့ကူညီခဲ့ရာ စစ်ရှောင် ၈၀ကျော်အတွက် ကျပ်သိန်း ၄၀ကျော် တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ ၊ကြက်သွန်နီများ ပေးအပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

SSPPအုပ်ချုပ်နယ်မြေတွင် စစ်ရှောင် ၉,၃၀၀ကျော် ကျန်ရှိနေသေးကြောင်း စက်တင်ဘာ ၈ရက်အထိ စာရင်းကို ထုတ်ပြန်သည်။

လားရှိုးအပါအဝင် ရှမ်းမြောက်တိုက်ပွဲများဖြစ်ပွားစဉ် SSPP နယ်မြေသို့ ပြည်သူသောင်းချီ စစ်ဘေးရှောင်ခဲ့ရသည်။

စစ်ကောင်စီအနေဖြင့်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့နယ်များသို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေ၍ လားရှိုးအပါအဝင် ဗုံးကြဲတိုက်ခိုက်ခံရသည့် မြို့နယ်များမှ ပြည်သူများ ထိတ်လန့်နေကြရသည်။

ရှမ်းမြောက်တွင် ယခုစက်တင်ဘာလဆန်းအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် နမ့်ခမ်း၊ လားရှိုး၊ သီပေါ၊ မန်တုံ မြို့နယ်များမှ ပြည်သူများစွာ ထိခိုက်သေဆုံးမှုများ ကြုံခဲ့ရသည်။

အဆိုပါနယ်မြေများသည် စစ်ကောင်စီတပ် လက်လွှတ်ဆုံးရှုံးထားပြီးဖြစ်သည့် နယ်မြေများ ဖြစ်ပြီး ကိုးကန့်တပ်မတော်(MNDAA)က လားရှိုး၊ တအာင်းတပ်မတော်(TNLA)က နမ့်ခမ်း၊ သီပေါ၊ မန်တုံမြို့နယ်များကို သိမ်းပိုက်ထိန်းချုပ်ကာ အုပ်ချုပ်ရေးဖော်ဆောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် လားရှိုးမြို့ကို ယနေ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံး အရပ်သား ၁၂ဦးဒဏ်ရာရရှိခဲ့သည်ဟု ကိုးကန့်တပ်(MNDAA)က အသိပေးထုတ်ပြန်သည်။

စက်တင်ဘာ ၉ရက် နံနက် ၁၀ နာရီ ၂၃ မိနစ် နှင့် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်ဖွဲ့သည် လားရှိုးမြို့ လူနေရပ်ကွက်များသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ပြီး လားရှိုးမြို့ ရပ်ကွက်(၁)တွင် ဗုံး ၂လုံး ကျရောက်ခဲ့သည်ဟု MNDAAက ထုတ်ပြန်သည်။

စက်တင်ဘာ ၈ရက်က လေကြောင်းတိုက်ခိုက်မှုတွင် လားရှိုးမြို့ မိုးလုံလေလုံအားကစားကွင်းနှင့် ရေပူစမ်းအနီးရှိ Silver Skyဟိုတယ်အနီးဗုံးများ ပေါက်ကွဲခဲ့ပြီး ဒေသခံများပိုင်ကားနှင့် ဆိုင်ကယ်အများအပြား ပျက်စီးခဲ့သည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဆင်နွှဲမှု ၂လကျော်အတွင်း စစ်ကောင်စီတပ်က စစ်ဘက်နှင့် မသက်ဆိုင်သည့်အပြစ်မဲ့အရပ်သား ပြည်သူများ နေထိုင်ရာလေကြောင်းတိုက်ခိုက်ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၂၀၁ဦးသေဆုံးကာ ၂၂၈ ဦး ဒဏ်ရာရခဲ့ကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)က ထုတ်ပြန် ထားသည်။

လားရှိုးမြို့တိုက်ပွဲအပြီး မြို့သို့ ပြန်လာနေထိုင်သည့် ဒေသခံမှာ မြို့နေလူထု စုစုပေါင်း၏ ထက်ဝက်ပင် မရှိသေးသည့် အခြေအနေတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၍ ပြန်လည်တိမ်းရှောင်မှုရှိဟု ရှမ်းမြောက်သတင်းရင်းမြစ်က ပြောသည်။

“ဒီနေ့ တချို့ ပြန်ထွက်နေပါတယ်”ဟု သတင်းရင်းမြစ်က လားရှိုးမြို့ ယနေ့ စက်တင်ဘာ ၉ရက် အခြေအနေကို ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းပြဿနာက ဒေသခံတွေရဲ့ ‌နေ့စဉ်ဘဝအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေပြီး နောင်ချိုမြို့ဟာ မိုင်းကြောင့်ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။