Connect with us

Hi, what are you looking for?

သတင်း

ပေါက်တောမြို့နယ် လေကြောင်းတိုက်ခိုက်မှု စစ်ကောင်စီ​၏ စစ်သုံ့ပန်းအရာရှိအချို့အပါအဝင် ၁၇ဦးသေဆုံး

ရက္ခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများဆေးကုသပေးနေသောနေရာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်သုံ့ပန်းစစ်ကောင်စီအရာရှိအချို့အပါအဝင် ၁၇ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရကြောင်း အာရက္ခတပ်တော်(AA)က အသိပေးထုတ်ပြန်သည်။

မိထက်/People’s Spring

ရက္ခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများဆေးကုသပေးနေသောနေရာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်သုံ့ပန်းစစ်ကောင်စီအရာရှိအချို့အပါအဝင် ၁၇ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရကြောင်း အာရက္ခတပ်တော်(AA)က အသိပေးထုတ်ပြန်သည်။

ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသော နေရာကို စက်တင်ဘာ ၈ရက်၊ ညနေ ၆နာရီ ၅၀မိနစ်နှင့် ၅၅မိနစ်တို့တွင် ဂျက်တိုက်လေယာဉ်ဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ထုတ်သည်။

သေဆုံးသွားသည့်သူများတွင် စစ်ကောင်စီ၏ သုံ့ပန်းများအနက် ကျန်းမာရေးဆိုးဝါး၍ ဆေးကုသရန် လိုအပ်လျက်ရှိသော အရာရှိကြီးတချို့၊ စစ်ကောင်စီ၏ သတင်းပေးများနှင့် ဖမ်းဆီးစစ်ဆေးနေသူ တချို့၊ ပြစ်ဒဏ်ကျခံနေရသူတချို့နှင့်အကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူတချို့၊ AA ကျန်းမာရေးဝန်ထမ်းတချို့နှင့် ပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူ၊ကလေးတချို့ပါဝင်ခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

” ကလေးတစ်ချို့ အပါအဝင် စုစုပေါင်း ၂၀ နီးပါးသေဆုံးပြီး ဒဏ်ရာရသူ ၁၅ ဦးခန့်အထိရှိခဲ့ပါတယ်”ဟု AAပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားပြီး စစ်ကောင်စီ၏လုပ်ရပ်သည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်၍ ထိရောက်စွာ တုံ့ပြန်မည်ဟု အသိပေးခဲ့သည်။

အဆိုပါ သတင်းနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းအား မေးမြန်းရာ စစ်ကောင်စီက ပေါက်တောမြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ယမန်နေ့ ပေါက်တောမြို့နယ်တိုက်ခိုက်မှုတွင် သေဆုံးခိုက်များခဲ့သည်ဟု ပြောသည်။

” အရပ်သားတွေပေါ့။ ပြီးတော့ စစ်ကောင်စီဘက်က စစ်သုံ့ပမ်းတွေ ပေါ့။ သူတို့လည်း ပါသွားတယ်လို့ ကြားတယ်။ဟိုမှာပစ်၊ ဒီမှာပစ် မြို့နယ်တွေကို အလှည့်ကျလိုဖြစ်နေတာ သူတို့က ပစ်တာ။ မနေ့ကဆို အမ်းမြို့နယ်မှာ လည်းပစ်တယ်။ ဒီနေ့ သံတွဲဘက်မှာလည်း ပစ်တယ်လို့ ကြားတယ်။ မထင်ရင် မထင်သလို ရန်သူ့ပစ်မှတ် အဲဒီလိုလည်း မပစ်ဘူး။ ကျောင်းတွေ စျေးတွေအဲဒီလို။ ဘာမှမဆိုင်တဲ့ စာသင်ကျောင်းတွေပစ်တယ်။ စျေးတွေကို ပစ်တယ်။ အဲဒါမျိုးလည်း အများကြီး ကြုံခဲ့ဖူးပြီ”ဟု ဦးဖေသန်းက ပြောသည်။

စစ်ကောင်စီအနေဖြင့် AA တပ်စခန်းများ ပစ်ခတ်တိုက်ခိုက်ခြင်းထက် အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်မှု လုပ်ဆောင်နေသည်ကိုသာ တွေ့ရကြောင်း ၎င်းက ဆိုသည်။

စက်တင်ဘာ ၆ရက်ကလည်း စစ်တွေမြို့ရှိ ဖစစ်ကောင်စီ၏ အမှတ် (၁၂)ရဲတပ်ရင်းနှင့် ပွိုင့်ရေတပ်စခန်းတို့မှ ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ပျက်စီးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် နိုင်ငံတဝန်း တော်လှန်ရေးတပ်များထိန်းချုပ်ထားသော မြို့ရွာများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ အစရှိသည့် နေရာများအား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများမှာ အစုလိုက်၊ အပြုံလိုက် သေဆုံးသောဖြစ်စဉ်များ မြန်မာနိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် ဖြစ်ပျက်လျက်ရှိကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ယနေ့ (စက်တင်ဘာ ၉ရက်) နံနက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၂ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော မြို့နယ်များအား လိုအပ်သလိုလက်တုံ့ပြန်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ထုတ်ပြောထားပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

စက်တင်ဘာအတွင်း ရှမ်းပြည်နယ်၊ ဖယ်ခုံ၊ မန် တုံ၊ နမ့်ခမ်း၊နောင်ချိုမြို့နယ်၊ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ မန္တလေးတိုင်း နွားထိုးကြီးနှင့်ကျောက်ပန်းတောင်းမြို့နယ်၊ မကွေးတိုင်း မြိုင်မြို့နယ်၊ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၊ပဲခူးတိုင်း ရေတာရှည်မြို့နယ်တို့ကို လေကြောင်းမှ တိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်မိခင်အချို့နှင့်ကလေးငယ်များအပါအဝင်အရပ်သားပြည်သူ ၅၀ခန့် သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစပါးစိုက်ပျိုးမှု​လျော့နည်းလာပြီးမိုးစပါးစိုက်ဧက ၁၂ သိန်းကျော်အနက်ယခုနှစ်ဧက ၅ သိန်း​ကျော်သာစိုက်ပျိုးနိုင်ဟုလယ်သမားအ​​ရေး​ဆောင်ရွက်သူ​တွေ​ပြော

သတင်း

ရခိုင်ပြည်နယ်အတွင်း ကုန်စည်တွေအဓိက ဝင်တဲ့ ချင်း - မကွေးအစပ် ဆောလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေတာ၊ မိုးဦးကာလ လမ်းတွေပျက်နေတာတွေကြောင့် ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေ စျေးတက်နေပါတယ်။