Connect with us

Hi, what are you looking for?

သတင်း

KIA/PDFတိုက်ခိုက်ချေမှုန်းရန် စစ်ကောင်စီလက်အောက်ခံ BGFခေါင်းဆောင်စစ်မိန့်ထုတ်မှု မထုတ်ပြန်သင့်ဟု ဒုဗိုလ်ချုပ်ကြီးဂွန်မော်ပြော

စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)နှင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးစခုန်တိန့်ယိမ်းက ထုတ်ပြန်ခဲ့သည့် စစ်မိန့်မှာ မထုတ်ပြန်သင့်သည့် စစ်မိန့်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့(KIO)ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ယနေ့ လူမှုကွန်ရက်တွင် ဖော်ပြရေးသားခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲဘော်များ(ဓာတ်ပုံ - KIA)

ဟန်နွေ/People’s Spring

စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)နှင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးစခုန်တိန့်ယိမ်းက ထုတ်ပြန်ခဲ့သည့် စစ်မိန့်မှာ မထုတ်ပြန်သင့်သည့် စစ်မိန့်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့(KIO)ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ယနေ့ လူမှုကွန်ရက်တွင် ဖော်ပြရေးသားခဲ့သည်။

ကချင်ပြည်နယ်အထူးဒေသ(၁) ဥက္ကဋ္ဌ ဦးစခုန်တိန့်ယိမ်းသည် ယခုနှစ် ဇွန်လ၇ရက် နေ့စွဲဖြင့် စစ်မိန့်ကို ထုတ်ပြန်ခဲ့ရာ နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃တပ်ဖွဲ့များနှင့် ဒေသ လက်နက်ကိုင် ပြည်သူ့စစ်ရဲဘော်များအား တိုက်ခိုက်လာသည့် KIAနှင့် PDFများကို ရှေ့နောက်ပိတ်ပြီး တိုက်ခိုက်ချေမှုန်းကြရန်နင့် ပြန်လည်ထွက်ခွာခွင့်မပေးကြရန် စစ်မိန့်၌ ပါရှိသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးစခုန်တိန့်ယိမ်းက ထုတ်ပြန်ခဲ့သည့်စာ

ဗိုလ်ချုပ်ဂွန်မော်၏ ယနေ့ ဖော်ပြချက်တွင်လည်း ဦးစခုန်တိန့်ယိမ်း၏ စစ်မိန့်၌ပါရှိသည့် အထက်ပါ အချက်များကို မှင်နီတားပြီး “ မထုတ်ပြန်သင့်သော စစ်မိန့်” ဟု ရေးသားထားသည်။ အခြား အကြောင်းအရာ ရေးသားချက်များ ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်မိန့်ထုတ်ပြန်သည့် ကာလတွင် KIAနှင့် ပူးပေါင်းတပ်များသည် ဝိုင်းမော် – ချီဖွေလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် BGFစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကာလဖြစ်သည်။

ကချင်ပြည်နယ် ဝိုင်းမော်-ချီဖွေလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းနှင့် နယ်ခြားစောင့်(BGF)စခန်းကို တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၁ရက်မှ ၁၄ရက်အတွင်း စစ်ကောင်စီ၏ ဆဒုံးဗျူဟာအပါအဝင် စစ်ကောင်စီတပ်စခန်းများ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်စခန်းများ စုစုပေါင်း တပ်စခန်း ၂၀ ခုကို သိမ်းပိုက်ရရှိခဲ့သည်။

ချီဖွေ၊ ဆော်လော်၊ ကန်ပိုက်တည် ဒေသသည် ဦးစခုန်တိန့်ယိမ်းခေါင်းဆောင်သည့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်(BGF) တပ်စခန်းအများစုရှိပြီး KIA၏ ထိုးစစ်အောက်တွင် အဆိုပါ ပြည်သူ့စစ်နှင့် BGFများ စခန်းကို အလွယ်တကူ စွန့်ခွာသွားသည်။

KIA၏ ထိုးစစ်မစမီ ဇွန်လ ၇ရက်က ဦးစခုန်တိန့်ယိမ်းက အမိန့်စာထုတ်ပြန်ပြီး နယ်ခြားစောင့် တပ်များနှင့် ပြည်သူ့စစ်များအနေဖြင့် KIAနှင့် PDF ပူးပေါင်းအဖွဲ့များအား ယတိပြတ် ခုခံချေမှုန်းရန်၊ မြေတစ်လက်မတိုင်းကို ကာကွယ်သည့် ခုခံစစ်ဆင် တိုက်ခိုက်ချေမှုန်းရန် အမိန့်ပေးခဲ့သော်လည်း အမှန်တကယ် တိုက်ပွဲဖြစ်ပွားချိန် BGFနှင့် ပြည်သူ့စစ်များ ထွက်ပြေးသွားသည်ဟုဆိုသည်။

KIAအနေဖြင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် BGFများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကြောင်း ကြေညာထားသကဲ့သို့ တဖက်တွင်လည်း KIA ထံ လာပူးပေါင်းရန် ယခင်ကတည်းက ဖိတ်ခေါ်ထားသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

“၂၀၁၁ ကတည်းက မိခင်တပ် KIA ဆီ လာပေါင်းဖို့ ပေါ်လစီ ဖွင့်ပေးတာ အားလုံးမလာလို့ အခုထိ ပစ်မှတ်ဖြစ်နေဆဲပေါ့” ဟုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က KIA အနေဖြင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များအပေါ် ထားရှိသည့် သဘောထားအားပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။