Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနဲ့နွားထိုးကြီးကရွာတွေ လေကြောင်းတိုက်ခိုက်ခံနေရ

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းထဲက မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အစပ်က ရွာတွေကို စစ်ကောင်စီလေတပ် ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကျေးရွာ ၁၀ ရွာ ထက်မနည်းက ဒေသခံ ပြည်သူ ခြောက်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံ အချို့ထံကသိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က ရုရှားထုတ်တိုက်လေယာဉ် နှစ်စင်းသုံးပြီး စစ်ရေးလေ့ကျင့်ပုံ (ဓာတ်ပုံ - စစ်ကောင်စီ)

ဆိုင်းမင်း/People’s Spring

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းထဲက မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အစပ်က ရွာတွေကို စစ်ကောင်စီလေတပ် ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကျေးရွာ ၁၀ ရွာ ထက်မနည်းက ဒေသခံ ပြည်သူ ခြောက်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံ အချို့ထံကသိရပါတယ်။

မြင်းခြံခရိုင်ထဲမှာပါဝင်တဲ့အဲဒီ ရွာတွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်ကစတင်ပြီး နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်တာလို့ ဒေသခံကပြောပါတယ်။

“အခုက မြေပြင်မှာတင်တိုက်ပွဲဖြစ်တာမဟုတ်ဘဲ လေ​ယာဥ်နဲ့ပါ ပစ်နေတယ်” လို့ ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ ဒေသခံက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ထွက်ပြေးတိမ်းရှောင်နေရတဲ့ရွာတွေကတော့ ဆူးရစ်ကုန်း၊ ခင်မကန်၊ ရွာသစ်၊ ညောင်ပင်သာ၊ ရွာကြီး ၊ မြောက်ကုန်း၊ စံပြ ၊ ပျော်ဘွယ်၊သစ်ရှည်ပင်၊ သဲတော စတဲ့ကျေးရွာတွေ ဖြစ်တယ်လို့သိရပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုအပြင် မြင်းခြံမြို့အခြေစိုက် အမှတ် (၁၅) ခြေမြန်တပ်ရင်းထဲကနေလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တာရှိတယ်လို့ ဒေသခံရဲ့ပြောပြချက်အရသိရပါတယ်။

စစ်ရှောင်အရပ်သားပြည်သူတွေကို ကူညီဖို့အတွက် လမ်းကြောင်းအခြေအနေဟာ စစ်ရေးအရ ကြပ်တည်းနေတာကြောင့် ကြိုးစားနေဆဲ လို့ မြင်းခြံမြို့နယ် အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်ကစတင်ပြီး မြင်းခြံခရိုင်ထဲက မြင်းခြံ ၊နွားထိုးကြီး နဲ့တောင်သာမြို့တွေမှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေ တော်လှန်ရေးအင်အားစုတွေရဲ့ စီးနင်းတိုက်ခိုက်တာခံရပြီးနောက်အဲဒီဒေသမှာ စစ်ရေးအခြေအနေတင်းမာနေတာပါ။

တပ်စခန်းတွေ စီးနင်းတိုက်ခိုက်ခံရပြီးနောက်မှာ မြင်းခြံခရိုင်ထဲက ရွာတွေကို နေ့စဉ်နီးပါးဆိုသလို စစ်ကောင်စီက လေကြောင်းသုံးပြီး တိုက်ခိုက်တာတွေကြောင့်အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိနေပါတယ်။

လွန်ခဲ့တဲ့နှစ်ရက် စက်တင်ဘာလ ၈ ရက်က မြင်းခြံ – နွားထိုးကြီး ကားလမ်းမှာ မြင်းခြံနယ် ၊ရွာကြီးရွာကို ဆိုင်ကယ်နဲ့ပြန်လာတဲ့ အမျိုးသမီး နှစ်ဦီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

Facebook