Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်မှာ ရေဘေးကြောင့်သေဆုံးသူ ၁၉ ဦးထိရှိလာ

အာဏာသိမ်းစစ်ကောင်စီ ရဲ့ စစ်ဌာနချုပ်အခြေစိုက် ရာ နေပြည်တော်ပိုင်နက်အတွင်း ရေဘေးကြောင့် သေဆုံးသူ အရပ်သားဦီးရေ ၁၉ ဦးရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က စာရင်းဖော်ပြပါတယ်။

နေပြည်တော်တပ်ကုန်းမြို့နယ်ထဲက ရေဘေးသင့်ပြည်သူတွေကိုတွေ့ရပုံ ဓာတ်ပုံ - မီးသတ်

People’s Spring

အာဏာသိမ်းစစ်ကောင်စီ ရဲ့ စစ်ဌာနချုပ်အခြေစိုက် ရာ နေပြည်တော်ပိုင်နက်အတွင်း ရေဘေးကြောင့် သေဆုံးသူ အရပ်သားဦီးရေ ၁၉ ဦးရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က စာရင်းဖော်ပြပါတယ်။

သေဆုံးသူပြည်သူတွေဟာ ကျား ၆ ဦီး ၊ မ ၁၃ ဦးဖြစ်ပြီး အသက်အရွယ်နဲ့ နေထိုင်ရာအရပ်ဒေသအသေးစိတ်အချက်အလက်ကိုတော့ မီးသတ်ရဲ့စာရင်းမှာမတွေ့ရပါဘူး။

Public Service Announcement

Public Service Announcement

ပျောက်ဆုံးနေသူတွေ ရှိနေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်နေဆဲလို့ သိရပါတယ်။

နေပြည်တော်ပိုင်နက်ထဲမှာပါတဲ့ တပ်ကုန်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ ရေဘေးကို အဆိုးရွားဆုံး ကြုံခဲ့ရပေမယ့် အချိန်နဲ့တပြေးညီ ထိရောက်တဲ့ ကယ်ဆယ်ကူညီရေးကို စစ်ကောင်စီ လုပ်ကိုင်နိုင်စွမ်းမရှိတာတွေ့ရပါတယ်။

တစ်အိမ်လုံးရေမြှုပ်သွားလို့ ရေလွတ်ရာ သစ်ပင်တွေပေါ် နာရီနဲ့ချီပြီး တက်နေရသူတွေ၊ အိမ်ခေါင်မိုး ပေါ် တက်ခို နေရသူတွေ ၊ ရေဘေးမှာ ပိတ်မိနေသူတွေဟာ လာရောက်ကယ်ဆယ်ပေးကြဖို့ ပြည်တွင်းမှာ လူသုံးများတဲ့ ဖေ့ဘွတ်ခ်ကတဆင့် အကူအညီတောင်းခံမှု အများအပြားကိုလည်းတွေ့မြင်ရပါတယ်။

နေပြည်တော်မှာ စက်တင်ဘာလ ၁၁ ရက် မနက်ပိုင်းကရေဘေးစတင်ကြုံတွေ့ခဲ့ပြီး ဇေယျာသီရိ၊ပုဗ္ဗသီရိ၊ တပ်ကုန်း၊ပျဉ်းမနားမြို့နယ်တို့က ကျေးရွာပေါင်း ၅၀ထက်မနည်းဟာ ဆိုးဆိုးရွားရွားနေကြီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နေပြည်တော်နဲ့ မိုင် ၆၀ ပတ်ချာလည်မှာရှိပြီး ကားနဲ့ ဆိုရင် တစ်နာရီခွဲ ခရီးသာ ကြာမြင့်တဲ့ ရမည်းသင်းမြို့မှာဆိုရင်လည်း ရေဘေးကြောင့် သေဆုံးသူဟာ ၁၀ ဦီးထိ ရှိခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။