Connect with us

Hi, what are you looking for?

သတင်း

PDFနှင့် ပကဖများ ခြိမ်းခြောက်ငွေတောင်းခံပါက ပြင်းထန်စွာအရေးယူမည်ဟု NUG ကာကွယ်ရေး သတိပေး

မသမာသူများက PDFနှင့် ပကဖအမည်အလွဲသုံးပြီး ဆက်ကြေးတောင်းခံမှုများရှိနေ၍ ငွေညှစ်သည့်စာများ လက်ခံရရှိပါက တိုင်ကြားရန် အသိပေး

၂၀၂၃ခုနှစ်က မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း ငါးခုကို လက်နက်များတပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ- MOD/NUG

ဟန်နွေ၊ဇေအောင်/People’s Spring

မသမာသူများက PDFအမည်သုံး၍ ဆက်ကြေးတောင်းသည့်စာများ ဖြန့်ဝေနေမှုနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၁၃ရက်တွင် ထုတ်ပြန်ရာ ငွေညှစ် ဆက်ကြေးတောင်းခံမှုများ လက်ခံရရှိပါက တိုင်ကြားရန် အသိပေးထားသည်။

ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊စစ်ကြောင်းများနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ များ၏ အမည်များ၊ အမှတ်တံဆိပ်များကို အသုံးပြု၍ ပြည်သူ့တော်လှန်ရေးကို ပုံဖျက်လိုသူများက စီးပွါးရေး လုပ်ငန်းရှင်များနှင့် ပြည်သူများထံသို့ ခြိမ်းခြောက်၊ ငွေညှစ်၊ဆက်ကြေးတောင်းသည့် စာများ၊ အသံဖိုင်နှင့်ဗီဒီယိုဖိုင်များ ပေးပို့ခြင်း၊ အွန်လိုင်းတွင် ဖြန့်ဝေခြင်းများ ပြုလုပ်လျက်ရှိနေသည်ဟု ဆိုသည်။

အဆိုပါ စာများမှာ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း၊ စစ်ကြောင်း များနှင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ) များ၏ လုပ်ဆောင်ချက် လုံးဝမဟုတ်ဘဲ အကြမ်းဖက် စစ်ကောင်စီ၏ လက်ပါးစေများက ပြည်သူ့တော်လှန်ရေး၏ ဂုဏ်အသရေကို ထိခိုက်ညှိုးနွမ်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဖြန့်ဝေနေသော စာများသာ ဖြစ်ကြောင်းလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လုပ်ငန်းရှင်ပြည်သူများအနေဖြင့်လည်း အဆိုပါစာများ မိမိတို့ထံရောက်ရှိလာပါက NUG/MOD ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း၊ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များက ဆောင်ရွက်ခြင်း ဟုတ်၊မဟုတ် စိစစ်နိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာနသို့ ဆက်သွယ်အသိပေးစေလိုသည်ဟု ဖော်ပြသည်။

ဆက်သွယ်ရန်လိပ်စာများကိုလည်း ဖော်ပြထားရာ Email office@modnugmm.org သို့ ဖြစ်စေ၊ တိုင်ကြားမှုများဆိုင်ရာကော်မတီ Email cc@mod.nugmyanmar.org သို့ ဖြစ်စေ ဆက်သွယ် နိုင်သည်ဟု ပန်ကြားထားသည်။

အကယ်၍ PDFနှင့် ပကဖ တပ်ဖွဲ့သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါကလည်း PDF တပ်မတော်၏ စစ်စည်းကမ်းဥပဒေနှင့်အညီ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

လိမ်လည်ဆက်ကြေးတောင်းခံမှုများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ ပျူစောထီးများသည် တော်လှန်ရေးပုံရိပ်ကျဆင်းအောင်၊ ပြည်သူလူထုအထင်လွဲမှားအောင် တမင်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း အဖွဲ့အမည်အသုံးခံရဖူးသည့် Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

“နောက်တချက်က ခေတ်မကောင်းတဲ့အချိန်မှာ အကြောက်တရားနဲ့ အချောင်စားချင်တဲ့ကောင်တွေ၊ ငဖျင်းတွေပေါ့။ ဒီလိုမျိုးတွေလုပ်တယ်လို့ ထင်ပါတယ်။”ဟု ၎င်းက ပြောသည်။

“နဂိုကတော့ အဲလိုလေးတွေရှိတယ်။ ထိဆက်မြို့နယ် ပခုက္ကူရယ်၊ မြိုင်ရယ်၊ ရေစကြိုရယ် တွေမှာအဲလိုမျိုးတွေရှိတော့ ကျွန်တော်တို့အဖွဲ့အစည်းခေါင်းဆောင်တွေက ခေါ်ပြောတော့ နောက်ပိုင်းတော့ အဲလိုတွေရှားပါးလာတယ် ကျွန်တော်တို့မြို့နယ်မှာ။ ရှားပါးဆိုတာ မရှိသလောက် မရှိပါဘူး။ ရှိလည်းကျွန်တော်တို့ခေါင်းဆောင်ကိုခေါ်ပြီး ချုပ်တာအရေးယူတာတို့လုပ်ပစ်တာ။”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။