Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းမကြီး ရေကျော်နေလို့ ကားတွေ ပိတ်မိနေ

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး ရဲ့ မန္တလေးမြို့အနီး တံတားဦီးမြို့နယ်ထဲက မိုင်တိုင် အမှတ် ၃၅၆ အနီးမှာ လမ်းပေါ် ရေကျော်လာတာကြောင့် ကားတွေကို ဖြတ်သန်းသွားလာခွင့်မပေးတော့ဘူးလို့ ခရီးသွားတွေထံက သိရပါတယ်။

ဓာတ်ပုံ- Wai Lin/FB

ဆိုင်းမင်း/People’s Spring

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး ရဲ့ မန္တလေးမြို့အနီး တံတားဦီးမြို့နယ်ထဲက မိုင်တိုင် အမှတ် ၃၅၆ အနီးမှာ လမ်းပေါ် ရေကျော်လာတာကြောင့် ကားတွေကို ဖြတ်သန်းသွားလာခွင့်မပေးတော့ဘူးလို့ ခရီးသွားတွေထံက သိရပါတယ်။

မန္တလေးကနေ ရန်ကုန်ဘက်အပြန် မိုင်တိုင်အမှတ် ၃၅၆ ၊ ၃၅၅ နဲ့ ၃၅၄ တဝိုက်ကရွာတွေ ရေမြှုပ်နေပြီး အမြန်လမ်းပေါ်ပါရေကျော်နေတာလို့ အဲဒီနေရာကို ရောက်ရှိနေတဲ့ ခရီးသွားတစ်ဦီးက ဓာတ်ပုံတွေနဲ့တကွ ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ ဒီနေ့ နေ့လယ်ပိုင်းက အသိပေးထားတာတွေ့ရပါတယ်။

ရုပ်သံမှတ်တမ်းအရ အမြန်လမ်းပေါ် ရေကျော်နေပြီး ကားတွေ ပိတ်မိနေတာတွေ့ရပါတယ်။ အမြန်လမ်းပေါ်မှာ လှေကိုသုံးပြီးသွားနေတဲ့ ဓာတ်ပုံကိုပါတွေ့ရပါသေးတယ်။

Public Service Announcement

Public Service Announcement

ဒီမနက်ပိုင်းက အမြန်လမ်းကိုအသုံးပြုပြီး မန္တလေးဘက်ဆီသွားခဲ့တဲ့ခရီးသွားတစ်ဦီးရဲ့ ရေးသားချက်အရ မနက် ၈ နာရီခန့်က လမ်းရေကျော်တာမရှိဘဲ အပြန်ခရီး မနက် ၁၁ နာရီ ခန့်မှာတော့ မိုင်တိုင် ၃၅၆ မှာ ရေကျော်နေတာတွေ့ရတယ်လို့ ဆိုထားပါတယ်။

အချိန်တိုအတွင်း အမြန်လမ်းကိုရေကျော်သွားတာလို့လည်း အဲဒီခရီးသွားတာ အသိပေးထားတာပါ။

“ရေခဏတာ ရေကျော်တာမဟုတ်ဘူး၊ ဘေးမှာရေပြင်ကြီးပါ မြင်နေရပြီ ၊ ဆက်တက်လာဖို့ပဲရှိပါတယ်”လို့ အဲဒီခရီးသွားက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။