Connect with us

Hi, what are you looking for?

သတင်း

စစ်တောင်းမြစ်အရှေ့ဘက် ရေဘေးကယ်ဆယ်ရေးလုပ်နေသည့် နေပြည်တော် PDF ရဲဘော်နှစ်ဦး ရေစီးဖြင့်မျောပါ

ရဲဘော်တစ်ဦးကို အသက်ရှင်လျှက်ပြန်တွေ့

နေပြည်တော် PDF မှရဲဘော်များ ပြည်သူများအား ရေဘေးမှ ကယ်ဆယ်ရေးပြုလုပ်နေစဥ်။ ဓာတ်ပုံ-ပေးပို့

ကျော်ဇော၊ရဲခေါင်/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ရဲဘော်နှစ်ဦး ရေစီးနှင့်အတူ မျောပါခဲ့ပြီး တစ်ဦးအား အသက်ရှင်လျှက်ရှာဖွေတွေ့ရှိခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာန နေပြည်တော် PDFတပ်ဖွဲ့မှ ယနေ့(စက်တင်ဘာ ၁၃) နေ့လယ်ပိုင်းတွင် အသိပေးထုတ် ပြန်သည်။

အဆိုပါ နေပြည်တော် PDF စစ်ကြောင်းသည် စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်နေသည့် ရေတာရှည်မြို့နယ်အတွင်းရှိ မြစ်အရှေ့ဘက်ခြမ်းမှ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းက ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေစဥ် PDF ရဲဘော်နှစ်ဦး ရေစီးဖြင့် မျောပါသွားခြင်းဟု ဖော်ပြသည်။

“စစ်ကြောင်းအနေနဲ့ စစ်ရေးလှုပ်ရှားနေတဲ့ စစ်တောင်းမြစ်အရှေ့ကမ်း ရေတာရှည်စစ်ဂွင်မှာ ကျေးရွာတွေထဲရေနစ်မြုပ်နေတဲ့ဒေသခံပြည်သူတွေကို ကယ်ဆယ်ရင်း ဒီနေ့မနက်ပိုင်းမှာ နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း (901)က ရဲဘော်အီးဂဲလ်၊ ရဲဘော်အငယ်ကောင်တို့ ရေစီးနဲ့အတူ မျောပါပျောက်ဆုံးခဲ့တာပါခင်ဗျ”ဟု တပ်ရင်းမှူး ဇင်ယော်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့(စက်တင်ဘာ ၁၃)နေ့လယ်ပိုင်းတွင် ရေစီးဖြင့် မျောပါသွားသည့် ရဲဘော်နှစ်ဦးအနက် ရဲဘော်အငယ်ကောင်းအား အသက်ရှင်လျှက်ပြန်ရှာတွေ့ခဲ့သော်လည်း ရဲဘော်အီးဂဲလ်ကိုမူ ပြန်ရှာမတွေ့သေးကြောင်း ၎င်းက ဆက်ပြောသည်။

“တစ်ဦး ပြန်တွေ့ပါပြီ။ အသက်ရှင်လျက်တွေ့တာ။ ​ကျန်တစ်ဦးက ကျဆုံးတာသေချာသွားပြီ။ ရဲဘော်အီးဂဲလ်ပေါ့”ဟု နေပြည်တော် PDF မှ တပ်ရင်းမှူးက အတည်ပြုသည်။

လတ်တလောတွင် စစ်တောင်းမြစ်ရေမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး မြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာအများစု ရေကြီးနစ် မြုပ်သည့်ဒဏ်ခံစားနေကြရပြီး နေပြည်တော် PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များမှ ကူညီကယ်ဆယ်ရေးများ ဝင်ရောက်လုပ်ကိုင်ပေးလျှက်ရှိသည်။

“ရေဘေးသင့်ပြည်သူတွေကယ်ထုတ်ရင်း ရေစီးနဲ့မျောသွားတာ”ဟု နေပြည်တော်တိုင်းစစ်ဌာနချုပ်စစ်ဦစီးချုပ် ဗိုလ်လကျာ်က လူထုနွေဦးသို့ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ စစ်ဌာနချုပ်အခြေစိုက်ရာ နေပြည်တော်အတွင်း စက်တင်ဘာ ၁၂ ရက် ညပိုင်းအထိ ရေဘေးကြောင့် သေဆုံးသူ အရပ်သားဦီးရေ ၁၉ဦးရှိကြောင်း မီးသတ်တပ်ဖွဲ့က အသိပေးထားသည်

သို့ဖြစ်ရာ ရေဘေးသင့်ပြည်သူများအတွက် အစားအသောက်၊ ဆေးဝါးနှင့် အဝတ်အထည်များ လိုအပ်လျှက်ရှိကြောင်း နေပြည်တော် PDFက အသိပေးထားသည်။

ထို့အပြင် တခြားဖြစ်ရပ်အဖြစ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ သင်ခန်းစာမစ်ရှင်လေ့ကျင့်စဉ် ရေချောင်းတစ်ခုဖြတ်ကျော်ရန်ကြိုးပမ်းရာ မတော်တဆဖြစ်ပွားခဲ့ပြီး ဆေးသင်တန်းသား ၁၈ဦး ရေစီးဖြင့်မျောပါ ဆုံးရှုံးခဲ့ရကြောင်း KNDFယနေ့ အသိပေး ထုတ်ပြန်ထားသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ ဆေးဌာနမှကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်းမှ သင်တန်းသားများသည် ၂၀၂၄ စက်တင်ဘာ ၁၁ရက် ညနေက အထက်ပါ ဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

ရေကာတာကျိုးပေါက်မှုကြောင့်ဖြစ်တဲ့ လေးမျက်နှာမြို့ရေဘေးမှာ ပိတ်မိနေသူတွေအများအပြားရှိနေပြီး ကယ်ဆယ်ရေးအင်အားလိုအပ်နေတယ်လို့ လူမှုကူညီ ရေးအဖွဲ့တွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နာမြို့မှာ ငဝန်မြစ် ရေကာတာကျိုးလို့ ရပ်ကွက်နဲ့ကျေးရွာ ၆ ခုထက်မနည်း အရေးပေါ်ရွေ့ပြောင်းနေရပါတယ်။