Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်မြို့နယ်တွင် အက်ဆစ်နှင့် ကြေးနီတင်ယာဥ်တန်းလုံခြုံရေးလာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အမှတ်(၂၈)ရဲတပ်ရင်းအနီးတွင် အက်ဆစ်နှင့် ကြေးနီတင်ယာဥ်တန်းလုံခြုံရေးအတွက် ကင်းထွက်လာသော စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ယခုနှစ်ဆန်းပိုင်းက မုံရွာမြို့မှ ကြေးနီတင်ယာဥ်များ ဝမ်ပေါင်ကုမ္ပဏီသို့ ကူးသန်းရန် ချင်းတွင်းမြစ်ဆိပ်သို့ ဆင်းလာစဥ်။ ဓာတ်ပုံ - Aung Khant Zaw

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အမှတ်(၂၈)ရဲတပ်ရင်းအနီးတွင် အက်ဆစ်နှင့် ကြေးနီတင်ယာဥ်တန်းလုံခြုံရေးအတွက် ကင်းထွက်လာသော စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၁ ရက် နေ့လည် ၂ နာရီခွဲခန့်က ယင်းမာပင်မြို့နယ်၊ မုံရွာ – ပုသိမ်လမ်းမကြီးပေါ်၊ အမှတ်(၂၈)ရဲတပ်ရင်းအနီးတွင် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ရဲများအား သုံးလုံးတွဲမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်ဗိုလ်တစ်ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးပြီး စစ်သားနှင့်ရဲ ၅ ဦး ဒဏ်ရာရရှိကြောင်း Regional Friend Fighters(RFF)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်မှာ မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီ ကုမ္ပဏီတို့အတွက် ကြေးနီထုတ်ရာတွင် အသုံးပြုသည့် ​ဆာလဖြူရစ်အက်ဆစ် ကွန်တိန်နာများ ပို့ဆောင်ရန်နှင့် ထုတ်လုပ်ပြီး ကြေးနီများသယ်ဆောင်ရန် ရောက်ရှိလာမည့် ကားများ၏ လုံခြုံရေးအတွက် ကင်းထွက်လာခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“လက်ရှိအချိန်ထိ အက်ဆစ်ကား ဒီလမ်းကြောပေါ်မဖြတ်သေးဘူး။ မြင်းမူဘက်ကနေတော့ထွက်လာနေပြီ။ ဆိုက်ထဲကနေလည်း ကြေးကားတွေကြေးတင်ထားတယ်။ ပြန်ပြီးတော့သယ်ယူဖို့ရာအတွက်။”ဟု ၎င်းက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒဏ်ရာရသူများအား မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ ကားဖြင့် တင်ဆောင်သွားသည်ဟု ဆိုသည်။

“မနေ့က ဝမ်ပေါင်ကို ပို့မယ့် အက်ဆစ်တင်လာတဲ့ တွဲကားတွေ ဝင်လာတယ်။ လမ်းကြောတောက်လျှောက်လည်း လုံခြုံရေးတင်းကြပ်ထားတယ်။”ဟု မြင်းမူမြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်မြို့နယ် တိုက်နယ် (၂)ပကဖများဖြစ်သော Regional Friend Fighters(RFF)၊ Fighter Brotherhood Guerilla Army(FBGA)၊ Yinmarbin Local(YMB PDF)၊ Black Eagle Defense Force၊ ယင်းမာပင်ခရိုင် တပ်ရင်း(ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မုံရွာ – မန္တလေးလမ်းတလျှောက် စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်းနေ၍ ခရီးသွားပြည်သူများ ဂရုစိုက်သွားလာကြရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ(၃၃)စစ်ကြောင်းက စစ်သားငါးဦး လက်နက်ခဲယမ်းယူပြီး အလင်းဝင်လာ

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၈) မှာ ပြုလုပ်ခဲ့ပါတယ်။