Connect with us

Hi, what are you looking for?

သတင်း

လားရှိုး၊ နမ့်ပေါင်ရွာကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲ

လားရှိုးနှင့် ကျောက်မဲကို ဗုံးကြဲ လေယာဉ်ပတ်နေ

၂၀၁၉ ခုနှစ်တွင် ​လေ​ကြောင်းတိုက်ခိုက်မှု ပျံသန်း​လေကျင့်​နေ​သော စစ်​လေယာဥ် ၂ စီး။ ဓါတ်ပုံ-AFP

မိထက်/People’s Spring

စစ်ကောင်စီသည် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာကိုယမန်နေ့ (စက်တင်ဘာ ၁၃ရက်)ညက လေကြောင်းမှဗုံးကြဲပြီး လားရှိုးနှင့် ကျောက်မဲမြို့နယ်ကို ဗုံးကြဲ လေယာဉ် ပတ်ပျံနေကြောင်းသတင်းရရှိသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့် နမ့်ပေါင်ကျေးရွာကို ​သောကြာ်​နေ့ ည ၇နာရီ‌‌ ၆မိနစ်ခန့်တွင်လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

“ရေဘေးကိုစိုးရိမ်နေချိန် လေကြောင်းကနေ ကြဲတာဗျာ။ ရှာမှရှား တကယ့်စစ်တပ်ပဲ။ ပြောရင်ရုံမှာတောင်မဟုတ်ဘူး”ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုမရှိဟု ကနဦးသတင်းရရှ်ိထားပြီး အသေးစိတ်မသိရှိရသေးပေ။

စစ်ကောင်စီသည် နမ့်ပေါင်ကျေးရွာအနီး၊ နမ္မ ကျောက်မီးသွေးတွင်းကို စက်တင်ဘာလ ၁၀ရက်မွန်းလွဲ ၁နာရီခန့်ကလည်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့​သေးသည်။

ထို့အပြင် စစ်ကောင်စီသည် လားရှိုးနှင့် ကျောက်မဲမြို့နယ်ကို ဗုံးကြဲ လေယာဉ် ပတ်ပျံနေကြောင်းသတင်းရရှိသည်။

“တချိန်လုံး ပတ်နေတယ်။ သူတို့(စစ်ကောင်စီ)ပစ်မှာသေချာတယ်။ မြို့ထဲမှာတော်တော်လေး သတိထားနေကြရတယ်”ဟု ကျောက်မဲမြို့ခံတစ်ဦးကပြောသည်။

MNDAAထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက မကြာခဏဗုံးကြဲတိုက်ခိုက်နေသည်။စက်တင်ဘာလ ၉ ရက်နံနက်ကလည်း လားရှိုးမြို့ရပ်ကွက်(၁)ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု၌ အရပ်သား ၁၂ ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။စက်တင်ဘာလ ၈ ရက်နံနက်ကလည်း လားရှိုးမြို့ရပ်ကွက်(၁၂)ရှိအားကစားရုံနှင့် ရေပူစမ်းအနီးရှိ Silver Sky ဟိုတယ်အနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူများ၏ကားများပျက်စီးခဲ့သည်။

ထို့အပြင်ကျောက်မဲမြို့သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် မြို့ဖြစ်သည်။စစ်ကောင်စီတပ်က လားရှိုးမြို့အပါအဝင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကို လေကြောင်းတိုက်ခိုက်နေခြင်းသည် ရိုင်းစိုင်းသောလူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်းMNDAAနှင့် TNLAက သတင်းထုတ်ပြန်ထားသည်။

ယခုရက်ပိုင်း၌ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်တို့၌ ဆိုးဝါးသည့်ရေ‌​ဘေးကြုံတွေ့နေစဉ် စစ်ကောင်စီသည် မြို့နယ်အချို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။