Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်ရှိ ဘုန်းကြီးကျောင်းအား စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

စေတီပုထိုး၊ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

ပြဿဒ်ကြီးကျေးရွာရှိ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဘုန်းကြီးကျောင်းဆောင်အပါအဝင် ဘုရားစေတီများ။ ဓာတ်ပုံ-လူထုလှုပ်ရှားမှုကော်မတီ တောင်သာ၊ တောင်သာပကဖ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပြဿဒ်ကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်အပါအဝင် ဘုရားစေတီများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ စက်တင်ဘာ ၁၅ ရက် နံနက် ၁နာရီခန့်က တောင်သာမြို့နယ်၊ လှည်းကူးမအုပ်စု၊ ပြဿဒ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက အကြောင်းမဲ့ လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်နှင့် စေတီပုထိုးများ၊ ပြည်သူ့နေအိမ်သုံးလုံး ထိမှန် ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောသည်။

Public Service Announcement

Public Service Announcement

“ဗုံးကြဲသွားတာက ပြည်သူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး။”ဟု တောင်သာပကဖ တာဝန်ရှိသူက ပြောသည်။

ပြဿဒ်ကြီးကျေးရွာရှိ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဘုန်းကြီးကျောင်းဆောင်အပါအဝင် ဘုရားစေတီများ။ ဓာတ်ပုံ-လူထုလှုပ်ရှားမှုကော်မတီ တောင်သာ၊ တောင်သာပကဖ

သြဂုတ် ၁၁ ရက်ကလည်း ပြဿဒ်ကြီးကျေးရွာ အရှေ့ဘက်၊ ကမ်းပါးယံ ဘုန်းကြီးကျောင်းကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ကျောင်းဆောင်များ ပျက်စီးပြီး သံဃာတစ်ပါး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဩဂုတ် ၂၃ရက်က တောင်သာမြို့နယ်၊ ပန်းပေါင်းအုပ်စု ၊မကျီးကုန်းရွာ ဘုန်းကြီးကျောင်းကိုလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ဩဂုတ် ၂၆ရက်တွင်လည်း ကျွဲတလင်းရွာဘုန်းတော်ကြီးကျောင်းကိုလည်း လေကြောင်းတိုက်ခိုက်ရာ ကျောင်းဆောင် ၃ဆောင်ပျက်စီးခဲ့သည်။

တောင်သာမြို့နယ်တွင် စစ်ကောင်စီတပ်က ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၆ကြိမ်ပြုလုပ်ခဲ့ရာ ၃ကြိမ်မှာ ဘုန်းတော်ကြီးကျောင်းများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းရန်ကို သတိပြုနေထိုင်ကြရန် တောင်သာပကဖက တိုက်တွန်းထားသည်။

သြဂုတ်၁ဝရက် နံနက်ပိုင်းက စတင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းအား တော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့သည်။

သြဂုတ် ၁၂ ရက်ကလည်း တောင်သာမြို့နယ်ရှိ ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးစခန်း၊ ကျောက်ခွဲစက်ဂိတ်စခန်း၊ စွပ်ကျယ်စက်ရုံ၊ ဘုရားလှပျူရွာ အစရှိသည့် နေရာလေးနေရာရှိ စစ်ကောင်စီတပ်အား တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြင်းခြံခရိုင်တပ်ရင်း အမှတ်(၃)တို့က ဦးဆောင်ပြီး တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်း ၂ ခုမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှေးဟောင်းမြို့တော် ပုဂံမြို့တဖက်ကမ်းက မကွေးတိုင်း၊ပခုက္ကူခရိုင်က မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၇ဦးခန့် ဒဏ်ရာရရာကာ နေအိမ်ပျက်စီးမှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်ကလေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။

Facebook