Connect with us

Hi, what are you looking for?

သတင်း

ကနီတွင် စစ်ကောင်စီရေယာဥ်များ စုန်ဆင်းလာ၍ ပြည်သူ့ရေယာဥ်များ သွားလာခြင်းမပြုရန် ပအဖသတိပေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဥ်များ စုန်ဆင်းလာ၍ ပြည်သူ့ရေယာဥ်များ သွားလာခြင်းမပြုရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးသည်။

စုန်ဆင်းလာသော စစ်ကောင်စီရေယာဥ်များအား မြစ်ကြောင်းတစ်နေရာ၌ တွေ့ရစဥ်။ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဥ်များ စုန်ဆင်းလာ၍ ပြည်သူ့ရေယာဥ်များ သွားလာခြင်းမပြုရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးသည်။

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း အစုန်အဆန် သွားလာကြမည့် ရေယာဥ်များအားလုံး ယနေ့ (စက်တင်ဘာ ၁၆ ရက်) နံနက် ၆ နာရီမှစတင်ကာ သွားလာခြင်းကို ခွင့်မပြုတော့ကြောင်း ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရေယာဥ်များ ဖြတ်သန်းသွားတိုင်း မြစ်ကမ်းဘေးဝဲယာ ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး ပြည်သူများထိခိုက်သေဆုံးမှုရှိကြောင်း၊ ထို့ကြောင့် စစ်တပ်ရေယာဥ်များ ကနီမြို့နယ်နှင့် လွတ်ကင်းသွားမှသာ ပြန်လည်ခွင့်ပြုမည် ဖြစ်ကြောင်း ကနီ ပအဖက ပြောသည်။

မော်လိုက်မြို့နယ်မှ ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသည့် စစ်ကောင်စီ၏ မော်တော် ၉ စီး သည် ကလေးဝမြို့နယ်၊ ပလူဇဝရွာသို့ ရောက်ရှိနေကြောင်း၊ ကလေးဝနယ်မှ မင်းကင်းနှင့် ကနီမြို့နယ်သို့ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း ကနီသားများ၏ ရင်တွင်းအသံက အသိပေးသည်။

စစ်ကောင်စီရေယာဥ်၏ ပစ်ခတ်မှုအပြင် တော်လှန်ရေးအဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်မှုမရှိစေရန် မြစ်ကြောင်းမှ (၃)မိုင်ခန့်အကွာအထိ ယာယီရွှေ့ပြောင်းနေထိုင်ပေးရန် ကနီပကဖ ကလည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တိုက်ပွဲအတွင်း ထွက်‌ပြေးရာက မိသားစုနဲ့ ကွဲပြီး တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ အဖွားအိုတစ်ဦးကို PDF ရဲဘော်တွေက ကယ်ထုတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဟာ အခုရက်ပိုင်းအတွင်း လူပြောများနေပါတယ်။ အဲဒီ ရုပ်သံမှာ အားနည်းနေတဲ့အဖွားအိုကို ရဲဘော်တစ်ဦးက ပြောဆိုတာ ဖြစ်ပါတယ်။

သတင်း

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောအုပ်စု ကနီမြို့နယ်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တ​ပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူငယ် ၁ဦး သေဆုံးပြီး (၅)နှစ်သားကလေး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။