Connect with us

Hi, what are you looking for?

သတင်း

စက်တင်ဘာ ၂၀ရက်မှစ၍ ဒေသအချို့ မိုးကြီးနိုင်ကြောင်း NUG သတိပေး

တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်းသက်ရောက်မှုများကြောင့်စက်တင်ဘာလ ၂၀ရက်မှစတင်၍ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး လေပြင်းလည်းတိုက်ခိုက်နိုင်ကြောင်း MOHADM က သတတိပေးချက်ထုတ်ပြန်သည်။

​တောင်တရုတ်ပင်လယ်ပြင်တွင် အပူပိုင်းမုန်နိုင်ဖြစ်လာနိုင်​သော ​လေဖိအားနည်းရပ်ဝန်းနှင့်မုန်တိုင်းငယ်သွားနိုင်​သောလမ်း​ကြောင်း

မိထက်/People’s Spring

တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်းသက်ရောက်မှုများကြောင့်စက်တင်ဘာလ ၂၀ရက်မှစတင်၍ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး လေပြင်းလည်းတိုက်ခိုက်နိုင်ကြောင်း MOHADM က သတတိပေးချက်ထုတ်ပြန်သည်။

နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့်မှန်းချက်များကိုကိုးကား၍ လူသားချင်းစာနာ​ထောက်ထား​ရေးနှင့် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ​ရေးဝန်ကြီးဌာန (MOHADM) က ယနေ့(စက်တင်ဘာ ၁၇ ရက်)ညနေပိုင်းတွင် သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တောင်တရုတ်ပင်လယ် အထက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်းပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်ပြီး စက်တင်ဘာလ(၂၀)ရက်နေ့နှင့် (၂၁)ရက်နေ့အတွင်း ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ကာ အားပျော့ ပျက်ပြယ်သွားနိုင်ကြောင်း ခန့်မှန်းထားသည်။

ထိုအပူပိုင်းမုန်တိုင်းသက်ရောက်မှုများကြောင့်စက်တင်ဘာလ ၂၀ရက်မှစတင်၍ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများတွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေနိမ့် ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်၍ ဒေသခံပြည်သူများအနေဖြင့် နေရာကွက်၍ မိုးကြီးခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများကို သတိပြုနေထိုင်ကြရန် ကြိုတင်သတိပေးထားသည်။

မိုးလေဝသဖြစ်စဉ်များသည်အချိန်နှင့်အမျှပြောင်းလဲဖြစ်ပေါ်နိုင်သည့်အတွက် နေ့အလိုက်ခန့်မှန်း ချက်များကို အထူးသတိထားစောင့်ကြည့်ပေးကြပါရန် တိုက်တွန်းထားသည်။

မိုးလေဝသ ခန့်မှန်းချက်များထုတ်ပြန်​၍ သတိ​ပေး​နေ​သော ဦးဝင်းနိုင်ကလည်းစက်တင်ဘာ ၂၀ ရက် စက်တင်ဘာ ၂၅ ရက်အထိ ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံတွေကိုကျော်ဖြတ်ရွေ့လျားလာနိုင်သည့် GENERမုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းအပါအဝင် မြန်မာနိုင်ငံဒေသအများစု၌ မိုးရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။ လတ်တလောခန့်မှန်းချက်များအရ အဆိုပါကာလအတွင်းရွာသွန်းမည့် မိုးရေချိန် နည်းပါးနိုင်သည်ဟုဆိုသည်။

“၂၄ နာရီအတွင်းရွာသွန်းနိုင်မည့် မိုးရေချိန်များသည် ပြီးခဲ့သည့်တိုင်ဖွန်းမုန်တိုင်းကြီး YAGI ၏ အကြွင်းအကျန်ဝင်ရောက်စဉ်ကထက် လျော့နည်းပါမည်” ဟု ဦးဝင်းနိုင်ကခန့်မှန်းထားသည်။

ယာဂီ မုန်တိုင်းအကြွင်းအကျန် တိမ်စိုင်များဝင်ရောက်စဉ်က မိုးကြီးခဲ့သည့်ဒေသများ၌ ၂၄ နာရီအတွင်း ၁၂ လက်မခန့် ရွာသွန်းခဲ့ပြီး ယခုGENER မုန်တိုင်းသည် ၄လက်မခန့်သာ ရွာစေနိုင်ကြောင်း ဦးဝင်းနိုင်ကခန့်မှန်းထားသည်။

ယာဂီ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး စက်တင်ဘာလ ၁၀ရက်မှစ၍ ရှမ်းပြည်နယ်၊ကရင်နီပြည်၊နေပြည်တော်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း တို့၌ ဆိုးရွားသည့်ရေဘေးကြုံတွေ့ခဲ့ကြသည်။ ရေဘေး ပြန်လည်ထူ​ထောင်​ရေးပင်မလုပ်နိုင်​သေးခင် မိုးကြီးမည့်အန္တရာယ်ကို ပြည်သူများကြောက်လန့်နေကြသည်။ လိုအပ်သလို ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံများက အချင်းချင်းသတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။