Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြစ်အတွင်း လေယာဥ်ဆီများတင်ဆောင်လာသည့် စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်

မြိတ်မြို့မှတဆင့် လေယာဥ်ဆီပေပါများတင်ဆောင်၍ ထားဝယ်မြို့ဘက်သို့ မြစ်ကြောင်းအ တိုင်း မောင်းနှင်လာသော ငါးဖမ်းစက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီက လေယာဥ်များတင်ဆောင်လာသည့်ဆိုသည့် ငါးဖမ်းစက်လှေတစ်စီးကို ထားဝယ်မြစ်အတွင်းတွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ကျော်ဇော/People’s Spring

မြိတ်မြို့မှတဆင့် လေယာဥ်ဆီပေပါများတင်ဆောင်၍ ထားဝယ်မြို့ဘက်သို့ မြစ်ကြောင်းအ တိုင်း မောင်းနှင်လာသော ငါးဖမ်းစက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာ ၁၅ ရက် နံနက် ၇နာရီခန့်က ထားဝယ်မြစ်အတွင်း ငါးဖမ်းလှေတစ်စီးဖြင့် လေယာဥ်များတင်ဆောင်၍ စစ်ကောင်စီတပ်သား လေးဦးလိုက်ပါလာသည့် ငါးဖမ်းစက်လှေတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ပစ်လိုက်တာပဲဗျ။ ထိခိုက်မှုအခြေနေ မသိရသေးဘူး”ဟု လောင်းလုံး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ လေယာဥ်များတင် ဆောင်လာသောငါးဖမ်းစက်လှေသည် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ထားဝယ်မြို့ဘက်သို့ အရှိန်တင်မောင်းနှင်သွားကာ ထားဝယ်ကြက်စာပြင်ဆိပ်ကမ်းသို့ ဆိုက်ကပ်သွားပြီး ထိခိုက်ပျက်စီးမှုရှိ၊မရှိ မသိရသေးပေ။

ထို့နောက် စက်လှေပေါ်မှ ဆီပေပါများကို ကားဖြင့်တဆင့် သယ်ယူကာ သပြေချောင်းကျေးရွာဘက်ရှိ စစ်ကောင်စီလက်အောက်ခံ စကခ(၈)တပ်ရင်းဘက်သို့ သယ်ဆောင်ကာ ယင်းတပ်ရင်းအတွင်း ဝင်ရောက်သွားကြောင်း စုံစမ်းသိရသည်။

လက်ရှိအခြေအနေတွင် တနင်္သာရီတိုင်းအတွင်း မြိတ်ခရိုင်၌ စစ်ရေးတင်းမာလျှက်ရှိရာ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် စစ်ရေးအချိန်မြှင့်လုပ်ဆောင်မည်ဖြစ်၍ ပြည်သူများ သတိထားသွားလာနေထိုင်ကြရန် တော်လှန်တော်တပ်ဖွဲ့များက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ လိုအပ်တဲ့ လေယာဉ်ဆီကို အာဏာသိမ်း မြန်မာစစ်တပ်က ဒီဇယ်ဆီလို့ စာရင်းလိမ် ဖော်ပြပြီး တင်သွင်းဝယ်ယူခဲ့ပါတယ်။

သတင်း

စစ်တပ်နဲ့နီးစပ်တဲ့ကုမ္ပဏီတွေက မြန်မာစစ်တပ်အတွက် လေယာဉ်ဆီကို ဒီဇယ်ဆီအဖြစ်ပုံမှားရိုက် တင်သွင်းနေတယ်လို့ Justice For Myanmar(JFM)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကောလင်းမြို့နယ်အနောက်ခြမ်း၊မူးချောင်းအတွင်းရွှေမျောကိုတွဲသယ်ဆောင်လာတဲ့ စက်လှေဟာ​​​အရှိန်မထိန်နိုင်​ဘဲတံတားကို ဝင်တိုက်မိတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ခမောက်ကြီးမြို့နယ်မှာစစ်တပ်စစ်ကြောင်း ဝင်လာလို့ကြောက်လန့်ပြီး ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတဲ့ စက်လှေ တိမ်းမှောက်ပြီးဒေသခံနှစ်ဦးသေဆုံးသွားတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။