Connect with us

Hi, what are you looking for?

သတင်း

အပူပိုင်းမုန်တိုင်းအရှိန်​ကြောင့်ဒေသ ၆ ခု မိုးကြီးနိုင်

တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်းသက်ရောက်မှုကြောင့်စက်တင်ဘာလ ၂၀ရက်​နေ့မှစတင်၍ ရှမ်းပြည်နယ်၊ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ခန့်မှန်းချက်ထုတ်ပြန်သည်။

MOHADM ခန့်မှန်းချက်

မိထက်/People’s Spring

တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်းသက်ရောက်မှုကြောင့်စက်တင်ဘာလ ၂၀ရက်​နေ့မှစတင်၍ ရှမ်းပြည်နယ်၊ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ခန့်မှန်းချက်ထုတ်ပြန်သည်။

နိုင်ငံတကာမိုးလေဝသဌာနများ၏ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့ ညနေ ၅ နာရီအချိန် ခန့်မှန်းချက်များအရ တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ်သည်ပိုမိုအားကောင်းလာကာ စက်တင်ဘာလ ၁၉ရက်နေ့တွင် အပူပိုင်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်။ထို့​နောက် စက်တင် ဘာလ (၂၀) ရက်နေ့ အစောပိုင်းတွင် အပူပိုင်းမုန်တိုင်းငယ်အဆင့်ဖြင့် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

Public Service Announcement

Public Service Announcement

ကမ္ဘာတစ်ဝန်းမုန်တိုင်းများကို​စောင့်ကြည့်​ခန့်မှန်းပေး​နေ​သော အ​မေရီကန်အ​ခြေစိုက် Weather Underground ဝက်ဆိုက်ခန့်မှန်းချက်အရ မုန်တိုင်းသည် ဗီယက်နမ်နိုင်ငံသို့သာဝင်​ရောက်မည်ဟုခန့်မှန်းထားသည်။ မုန်တိုင်းသက်​ရောက်မှု​ကြောင့် မိုးသည်ထန်စွာရွာသွန်းခြင်းကိုသာ လာအို ၊ထိုင်းနိုင်ငံတို့က အဓိကကြုံ​တွေ့ရနိုင်ပြီး မြန်မာနိုင်ငံအ​ပေါ် လည်းသက်​ရောက်နိုင်​ကြောင်းသိရသည်။

အပူပိုင်းမုန်တိုင်းသက်ရောက်မှုများကြောင့်စက်တင်ဘာလ ၂၀ ရက်​နေ့မှစတင်၍ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများဖြစ်သော အဆိုပါတိုင်းနှင့်ပြည်နယ် ခြောက်ခုတွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေနိမ့် ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်၍ ဒေသခံပြည်သူများအနေဖြင့် နေရာကွက်၍ မိုးကြီးခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများကို သတိပြုနေထိုင်ကြရန် ကြိုတင်သတိပေးထားသည်။

Wundergroud ဝက်ဆိုက်ခန့်မှန်းချက်

သို့​သော်မိုးလေဝသဖြစ်စဉ်များသည် အချိန် နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နိုင်သည့်အတွက် နေ့အလိုက်ခန့်မှန်း ချက်များကို အထူးသတိထားစောင့်ကြည့်ပေးကြပါရန်လည်း တိုက်တွန်းထားသည်။

တောင်တရုတ်ပင်လယ်တွင် စက်တင်ဘာ ဒုတိယပါတ်တွင်ဖြစ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ယာဂီ၏ အကြွင်းအကျန်တိမ်စိုင်များကြောင့် စက်တင်

ဘာလ ၁၀ရက်မှစ၍ ရှမ်းပြည်နယ်၊ကရင်နီပြည်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့၌ ဆိုးရွားသည့်ရေဘေးကြုံတွေ့ခဲ့သည်။ ​ရေ​ဘေး​ကြောင့် ပြည်သူ​ထောင်ချီ​သေဆုံး ​ပျောက်ဆုံးပြီး

၇ သိန်းဝန်းကျင်​ရေ​ဘေးသင့်ခဲ့​ကြောင်း NUG နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်​သော KNU ၊ KNPP ၊ CNF တို့ကပူးတွဲထုတ်ပြန်ထားသည်။

ရေဘေးသင့်ပြည်သူများသည် ယာဂီမုန်တိုင်းသက်​ရောက်မှုဖြင့်​ရေ​ဘေးကြုံပြီး အ​ရေး​ပေါ်အကာအညီများပင် မလုံ​​လောက်​သေးချိန်တွင် မိုးထပ်ကြီးမည်ကိုကြောက်လန့်နေကြသည်။ လိုအပ်သလို ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ နှင့် ဒေသခံများက အချင်းချင်းသတိပေးနေကြသည်။

စက်တင်ဘာ ၁၈ ရက်​နေ့တွင် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း၌ နေရာကွက်၍မိုးကြီးခဲ့ပြီး၊ ရခိုင်ပြည်နယ်အမ်းမြို့နယ်တွင် တောင်ကျရေကြောင့် ချောင်းရေလျှံပြီး ဒေသခံများရေဘေးကြုံတွေ့နေကြရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

နိုင်ငံတကာ

ဧရာမ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာကြောင့် နယူးဇီလန်ရဲ့ မြို့တော်မှာ ဒေသခံတွေ ရာနဲ့ချီပြီး အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရကြောင်း သိရပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးနဲ့ မြေပြိုမှုဘေး မကြာခဏရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ်မှာ ဒီနေ့ ဇွန်လ ၈ရက် မနက်ပိုင်းမှာ မိုးကြီးလို့ မြေပြိုပြီး လူတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြားမှာဇွန်လ ၁၄ရက် မတိုင်ခင်အထိ နေရာကွက်၍ မိုးကြီးနိုင်လို့ ရေဘေးသတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတိပေးပါတယ်။