Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်၍ နေအိမ်အချို့ပျက်စီး

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ယနေ့နံနက်အစောပိုင်းတွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

မင်းတပ်မြို့နယ် တစ်နေရာကို ဩဂုတ် ၃၁ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mundat

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ယနေ့နံနက်အစောပိုင်းတွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

စက်တင်ဘာ ၁၉ရက် နံနက် ၄နာရီကျော်ကစ၍ မင်းတပ်မြို့ပေါ် နေရာနှစ်ခုကို တိုက်လေယာဉ် နှစ်စီးဖြင့် ပေါင် ၅၀၀ဗုံးနှင့် ဗုံးအသေးများ အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” နေအိမ်အချို့ ထိခိုက်ပျက်စီးမှုများရှိတယ်လို့ ကနဦး ကြားသိရပါတယ်”ဟု မင်းတပ်ဒေသခံက လူမှုကွန်ရက်တွင် ရေးသားအသိပေးသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်ကို ၂ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၈ရက် ညနေပိုင်းတွင်လည်း မင်းတပ်မြို့နယ် တိုက်နယ်(၁) တစ်နေရာကို လေကြောင်းတိုက်ခိုက်ခဲ့သေးသည်။ ထို့အပြင် စက်တင်ဘာ ၁၆ရက်လည်း မင်းတပ်မြို့ပေါ် တစ်နေရာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့၍ နေအိမ်ပျက်စီးမှု ရှိခဲ့သည်။

ယခုစက်တင်ဘာအတွင်း မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသေးဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၇ကြိမ်ထက်မနည်းရှိခဲ့သည်။

မင်းတပ်မြို့နယ်တွင် တိုက်ပွဲမဖြစ်သေးသော်လည်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး ၊ ဒရုန်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် တိုက်ပွဲအချိန်မရွေးဖြစ်နိုင်ဟု ချင်းဒေသကာကွယ်ရေးတပ်(CDF) မင်းတပ်က ဩဂုတ်လလယ်တွင် ထုတ်ပြန်ထားသည်။

ဒေသခံတစ်ဦးကလည်း လတ်တလော အခြေအနေများအရ မကြာမီ မင်းတပ်ဒေသ၌ တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု ယမန်နေ့တွင် သုံးသပ်ပြောထားသည်။

စစ်ကောင်စီတပ်ကလည်း မင်းတပ်မြို့ ခလရ(၂၇၄)တပ်ရင်းကို လေကြောင်းမှ လေထီးအသုံးပြုပြီး ရိက္ခာခဲယမ်းများ ဖြည့်တင်းထားသည်။

စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် မင်းတပ်မြို့နယ်အပြင် ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တို့တွင်လည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားထိခိုက်မှုအချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ကို နေ့စဉ် လေကြောင်းအပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေတာဟာ တိုက်ပွဲမှာ အထိနာနေလို့ ဖြစ်နိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖျက်အားပြင်း ဗုံးတွေအပါအဝင် ဗုံးအလုံး ၆၀ ကျော်ကြဲချ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။