Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲတွေကြောင့် ပျက်စီးခဲ့တဲ့ အာရှလမ်းပိုင်း ပြင်ဆင်ရေး ညှိနှိုင်းလုပ်ဆောင်လိုကြောင်း ထိုင်းပြောကြား

မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် ပျက်စီးခဲ့တဲ့ အမှတ် ၁ အာရှ လမ်းမကြီးရဲ့ လမ်းပိုင်းနေရာတွေကို မြန်မာဖက်မှာ တိုက်ပွဲဖြစ်နေတဲ့ အစုအဖွဲ့ အသီးသီးနဲ့ ညှိနှိုင်းပြီး ပြုပြင်သွားလိုကြောင်း ထိုင်းအစိုးရက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် ပျက်စီးခဲ့တဲ့ အမှတ် ၁ အာရှ လမ်းမကြီးရဲ့ လမ်းပိုင်းနေရာတွေကို မြန်မာဖက်မှာ တိုက်ပွဲဖြစ်နေတဲ့ အစုအဖွဲ့ အသီးသီးနဲ့ ညှိနှိုင်းပြီး ပြုပြင်သွားလိုကြောင်း ထိုင်းအစိုးရက ပြောပါတယ်။

အဲဒီလမ်းပိုင်းကို ပြန်လည် မွမ်းမံ ပြင်ဆင်ပြီးရင် နယ်စပ် ကုန်သွယ်ရေး ချောမွေ့စေဖို့၊ ထိုင်း-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို သေချာခိုင်မာစေဖို့လည်း အားထည့် လုပ်ဆောင်လိုတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆမ်ဂီယန်ပွန်ဆာက စက်တင်ဘာ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ပျက်စီးနေတဲ့ အမှတ် ၁ အာရှလမ်းပိုင်း ပြင်ဆင်ရေးကို အကောင်အထည် ဖော်ရာမှာ အာဏာသိမ်း စစ်ကောင်စီနဲ့ရော တော်လှန်ရေး အင်အားစုတွေနဲ့ပါ ညှိနှိုင်းဖို့ လိုအပ်မယ်လို့ သူက မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဟာ တိုက်ပွဲတွေကြောင့် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ အမှတ် ၁ အာရှအဝေးပြေးလမ်းမကြီး ပြန်လည် ပြုပြင်ရေး အစီအမံတွေကို ဦးဆောင်ဖို့အတွက် အာဆီယံ အဖွဲ့ရော၊ မြန်မာ့ အိမ်နီးချင်း အိန္ဒိယ နိုင်ငံဆီကပါ ထောက်ခံမှုကို ရရှိထားပါတယ်။

သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ မာရစ်က သူ့အမြင်အရ မြန်မာနိုင်ငံ ပဋိပက္ခကို စစ်မက်ရေးရာတွေနဲ့ ဖြေရှင်းလို့ မရနိုင်ဘဲ အပြုသဘောဆန်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့သာ အဖြေရှာနိုင်မယ်လို့ ယုံကြည်ထားကြောင်းလည်း ဆိုပါတယ်။

မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း အရှိန်အဟုန် မြင့်လာတဲ့ ပြည်တွင်း ပဋိပက္ခတွေနဲ့ ရုန်းကန်နေရပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေဟာ နိုင်ငံအနှံ့မှာ ပျံ့နှံ့ ဖြစ်ပေါ်နေပါတယ်။

ကိုးကား: Bangkok Post⁩

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

Facebook