Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့နယ်ငါန်းမြာကြီးရွာကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲ

ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင်ဒေသခံ ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိ

တရုတ်နိုင်ငံထုတ် Y-12 ​လေယာဥ်တစ်စီး

မိထက်/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှ ငါန်းမြာကြီးရွာကို စစ်ကောင်စီက ယနေ့(စက်တင်ဘာလ ၂၀ရက်) ညနေပိုင်းတွင် လေကြောင်းမှဗုံးကြဲရာ ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင် ဒေသခံ ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။

“ညနေ ငါးနာရီ လောက် မှာ Y12 လေကြောင်းနဲ့ ဗုံး ခြောက်လုံး ကြဲတာ။ ရွာလယ်နဲ့ နေရာတော်တော်များများကိုကြဲတာ။ပြည်သူတွေ ‌တွေသေတယ်။ ကိုးနှစ်၊ ဆယ်နှစ်ကလေးငယ်တွေလည်းပါတယ်” ဟု​ဒေသခံတစ်ဦးကပြောသည်။

ဒဏ်ရာရသူများလည်းရှိပြီး အသေးစိတ်အခြေအနေကိုမသိရှိရသေးပေ။

Public Service Announcement

Public Service Announcement

ထပ်မံ၍လေကြောင်းတိုက်ခိုက်ခံရမည်ကိုစိုးရိမ်သောကြောင့် ဒေသခံများအား ဘေးလွတ်ရာသို့ညတွင်းချင်းရွှေ့ပြောင်းနေရကြောင်းလည်း အထက်ပါ​ဒေသခံကပြောသည်။

ငါန်းမြာကြီးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထိန်းချုပ်ထားသည်။

စစ်ကောင်စီက မြေပြင်မှစစ်ကြောင်းထိုး၍ စခန်းပြန်သိမ်းရန်ကြိုးပမ်းစဉ် တိုက်ပွဲများဖြစ်ခဲ့သည်။ မြေပြင်မှထိုးစစ်ဆင်နိုင်ခြင်းမရှိ၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူရှိရာနေရာများကို ပါလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဟု ဒေသခံများကပြောသည်။

ငါန်းဇွန်မြို့နယ်သည်မြင်းခြံခရိုင်အတွင်းပါဝင်သည်။ ခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊တောင်သာမြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၁၀ ရက်နေ့ တွင် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့သည်။ ထို့‌နောက် ငါန်းဇွန်မြို့နယ်မှ

ငါန်းမြာကြီးရွာရဲစခန်းကို လည်းဩဂုတ်လ၁၉ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမြို့နယ်များ၌ မြို့သိမ်းတိုက်ပွဲအဆင့်မရောက်ရှိသေးသော်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားပျက်သွားပြီဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။စစ်ကောင်စီသည် မြင်းခြံခရိုင်အတွင်းရှိမြို့နယ်များကိုလေကြောင်းမှ မကြာခဏတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို