Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ဆိုင်းတောင်၌ တိုက်ပွဲဆက်ဖြစ်၊ ဗျူဟာစခန်းတိုက်ပွဲ ယနေ့ရပ်တန့်နေဟု စစ်ရေးရင်းမြစ်ပြော

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာ၌ ယနေ့နံနက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့သည့် KIA တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ဇန်နဝါရီလ ၂၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာ၌ ယနေ့နံနက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆိုင်းတောင်ရွာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်က စက်တင်ဘာ ၇ရက်ကတည်းက စတင်တိုက်ခိုက်ခဲ့ရာ ဆိုင်းတောင် ရဲစခန်းအား သိမ်းထားနိုင်ပြီဖြစ်သော်လည်း လက်ကျန်စစ်ကောာင်စီတပ်များနှင့် ရက်ရှည်တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

” ဒီမနက်ဆိုင်းတောင်မှာတော့ တိုက်ပွဲ ဖြစ်တယ်။ ဒီနေ့ ဖားကန့်ဗျူဟာစခန်းကို ပစ်တာမရှိဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIAနှင့် PDF ပူးပေါင်းတပ်သည် ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်ထားပြီး ဖားကန့်ဗျူဟာစခန်းကို ယမန်နေ့တွင် စတင်၍ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဖားကန့်တိုက်ပွဲ စစ်ရှိန်မြင့်လာ၍ မြို့ခံများမှာ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။