Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငြိမ်းချမ်းရေးအတွက် ရုရှားကို အတင်းအကျပ် ဖိအားပေးရုံအပြင် တခြားနည်း မရှိဘူးလို့ ယူကရိန်း သမ္မတပြော

ငြိမ်းချမ်းရေး ရနိုင်ဖို့ဆိုရင် ရုရှားကို အတင်းအကျပ် ဖိအားပေးတဲ့ နည်းလမ်းကလွဲလို့ တခြား ဖြစ်နိုင်ခြေ မရှိဘူးလို့ ယူကရိန်း သမ္မတက ကုလသမဂ္ဂ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲ ၂ နှစ်နဲ့ ၇ လတိတိပြည့်တဲ့ စက်တင်ဘာ ၂၄ ရက်နေ့တုန်းက နယူးယောက်မြို့၊ ကုလသမဂ္ဂ ရုံးချုပ်ရဲ့ လုံခြုံရေး ညီလာခံ ဆွေးနွေးပွဲ တစ်ခုကို တက်ရောက်တဲ့အချိန် ရုရှား ကိုယ်စားလှယ်ရှေ့မှာ ဇီလန်စကီးက အခုလို ပြောဆိုသွားခဲ့တာပါ။ သူက စစ်ပွဲကို အဆုံးသတ်နိုင်ဖို့အတွက် ရုရှားကို ခခယယ အလျှော့ပေး ညှိနှိုင်းတာမျိုးတွေတော့ လုံးဝ လုပ်မှာ မဟုတ်ဘူးလို့လည်း ထပ်လောင်း အတည်ပြုသွားခဲ့ပါတယ်။

အဲဒီ လုံခြုံရေး ညီလာခံ ဆွေးနွေးမှုဟာ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယား သုံးနိုင်ငံနဲ့ ပတ်သက်ပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဇီလန်စကီးက အီရန်၊ မြောက်ကိုရီးယား ကိစ္စတွေမှာလည်း အမေရိကန်နဲ့ တူညီတဲ့ သဘောထားမျိုး ရပ်တည်ပြီး ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့နေတယ်လို့ စွပ်စွဲသွားခဲ့ပါတယ်။

ဇီလန်စကီးဟာ အမေရိကန်မှာ ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်ရင်း ရုရှားနဲ့ စစ်ပွဲကို အဆုံးသတ်နိုင်မယ့် အောင်ပွဲ အစီအမံ တစ်ရပ်ကိုလည်း မဟာမိတ် အမေရိကန် အစိုးရဆီ တင်ပြဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဆီ ဇီလန်စကီးက တင်ပြမယ့် အောင်ပွဲ အစီအမံရဲ့ အခြေခံ အကြောင်းအချက်တွေကိုတော့ မသိရသေးပါဘူး။

ဇီလန်စကီးက တချို့သော ကမ္ဘာ့နိုင်ငံတွေဟာ ယူကရိန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဆွေးနွေးစေချင်နေတယ် ဆိုတာကို နားလည်ကြောင်း၊ ဒါပေမဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် ရုရှားကို ဖိအားပေးတဲ့ နည်းလမ်း တစ်ခုတည်းနဲ့သာ အလုပ်ဖြစ်နိုင်ပြီး အဲဒီ ရွေးချယ်မှုကလည်း အမှန်တကယ် လိုအပ်နေကြောင်း၊ ဒါကြောင့် ရုရှားကို ငြိမ်းချမ်းရေးအတွက် သေချာပေါက် ဖိအားပေးဖို့ လိုအပ်ကြောင်း သူက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

သူက ရုရှား-ယူကရိန်း စစ်ပွဲဟာ ကုလသမဂ္ဂ သဘောတူ သတ်မှတ်ချက်အတိုင်း အဖွဲ့ဝင် နိုင်ငံတွေရဲ့ ကိုယ်ပိုင် အချုပ်အခြာ အာဏာကို အသိအမှတ်ပြု လေးစားရမယ်ဆိုတဲ့ အချက်အပေါ် အခြေခံပြီး အဆုံးသတ်နိုင်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

တစ်နေ့နေ့မှာတော့ ကုလသမဂ္ဂ ခန်းမကြီးထဲမှာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲဟာ ယာယီရပ်တန့်တာ၊ မေ့လျော့သွားတာတွေ မဟုတ်ဘဲ အမှန်တကယ် ပြီးဆုံးသွားပြီလို့ ကြေညာနိုင်မယ်ဆိုတာ သေချာကြောင်းလည်း ဇီလန်စကီးက ပြောဆိုသွားပါတယ်။

သူဟာ စက်တင်ဘာ ၂၆ ရက်နေ့ကျရင် အိမ်ဖြူတော်မှာ သမ္မတ ဘိုင်ဒန်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ အစောပိုင်းက ဇီလန်စကီးဟာ ယူကရိန်း ငြိမ်းချမ်းရေးအတွက် နောက်ထပ် ထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်တဲ့ အခါမှာ ရုရှားရဲ့ မိတ်ဆွေရင်းချာ နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ကို ဖိတ်ကြားမှာ ဖြစ်တယ်လို့လည်း အတည်ပြု ပြောကြားသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။