သတင်း အမျိုးသမီးသတင်းထောက် မထက်ထက်ခိုင်ကို စစ်ကောင်စီထောင် ၃ နှစ်ချ ဒီနေ့အမိန့်ချတာကတော့ စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက ၅၀၅ အမှုအတွက် စစ်ကောင်စီက ထောင်ချလိုက်တာဖြစ်တယ်လို့ မထက်ထက်ခိုင်ရဲ့မိတ်ဆွေတွေဆီကသိရပါတယ်။ LuduNwayOoစက်တင်ဘာ 15, 2022
သတင်း ပုလဲနယ် မွေ့တုံရွာအနီးနှစ်ရက်ဆက်တိုက်ပွဲဖြစ်စဥ် ကျားသစ်နက်ပြောက်ကျားတပ် ထုတ်ပြန်ရှင်းလင်း စက်တင်ဘာ ၁၃ ရက်နံနက်တွင် စစ်ကောင်စီတပ်သည် ရွှေလောင်းကျေးရွာမှ ထွက်ခွာလာပြီး မွေ့တုံကျေးရွာအတွင်း ဝင်ရောက်ဖို့ကြိုးစားရာတွင် ထန်းလုံးမိုင်းများ၊ နင်းမိုင်းများ ထောင်ထားသော မိုင်းကွင်းအတွင်း ဝင်ရောက်ခဲ့ကြရာ ထိခိုက်မှုရှိခဲ့ကြောင်း ကျားသစ်နက် ပြောက်ကျား တပ်ဖွဲ့က အသိပေးသည်။ LuduNwayOoစက်တင်ဘာ 15, 2022
သတင်း ပအိုဝ်းတပ် PNLA တပ်ဖွဲ့ဝင်ငါးဦးကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ် အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသည့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF) ဆိုသည့် လက်နက်ကိုင်တပ်ဖွဲ့လည်းရှိနေပြီး PNDFသည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။ LuduNwayOoစက်တင်ဘာ 15, 2022
သတင်း စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို တကျော့ပြန်ထိုးစစ်ဆင်လာဟု PDF အသိပေး ထို့နောက် နေ့စဥ်တိုက်ပွဲများပြင်းထန်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာကို ကရင်နီပူးပေါင်းတပ် နယ်မြေရှင်းလင်းနိုင်ခဲ့သည်။ LuduNwayOoစက်တင်ဘာ 15, 2022
သတင်း မြိုင်တွင်ကင်းလှည့်လာသည့်ရဲများကို PDFတိုက်ခိုက် မကွေးတိုင်း၊ မြိုင်မြို့နယ်သည် စစ်ကောင်စီတပ်အား လက်နက်ကိုင်ခုခံမှုအားကောင်းရာဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းPDFများနှင့်ပါ ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။ LuduNwayOoစက်တင်ဘာ 15, 2022
ဗီဒီယို ယူကရိန်း စစ်ပွဲအရေး ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ အကြီးအကဲပြော ဂူတာရက်စ်ဟာ ပူတင်ဆီ ဖုန်းမဆက်ခင် ဩဂုတ် လလယ်လောက်တုန်းကလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ သွားရောက် တွေ့ဆုံခဲ့ဖူးပါတယ်။ LuduNwayOoစက်တင်ဘာ 15, 2022
ဗီဒီယို ယာဉ်မတော်တဆမှု ဖြစ်ခဲ့တဲ့ ယူကရိန်း သမ္မတ ယူကရိန်းရဲ့ တန်ပြန် ထိုးစစ်ကြောင့် ရုရှားတပ်တွေဟာ ခါကော့ဗ်ပြည်နယ်ကနေ ဆုတ်ခွာခဲ့ရပြီး အရှေ့ဖျား ပိုကျတဲ့ ဒွန်းဘက်စ် ပြည်နယ်ထဲမှာ ခံစစ်အတွက် စုရုံးပြင်ဆင်နေရကြောင်းလည်း သိရပါတယ်။ LuduNwayOoစက်တင်ဘာ 15, 2022
သတင်း စစ်အုပ်စုအန္တရာယ်ပြုမည်ကိုကြောက်၍ တိမ်းရှောင်လာသော တွံတေးနယ်မှ မိသားစုလေးစု အမြန်လမ်းတွင် ဖမ်းဆီးခံရ "လက်ရှိမှာတော့ အမျိုးသမီးနဲ့ခလေးတွေ ပြန်လွတ်သွားပါပြီ။ အမျိုးသားငါးဦးကို ဘယ်မှာဖမ်းဆီးထားလဲမသိရဘူးဗျ"ဟု ဖမ်းဆီးခံမိသားစုများနှင့် နီးစပ်သူက ပြော သည်။ LuduNwayOoစက်တင်ဘာ 15, 2022
သတင်း ရဲနှစ်ဦး ပစ်သတ်ခံရပြီးနောက် မုံရွာ – အမြင့်လမ်းဘေးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီး စက်တင်ဘာ ၁၄ရက် နံနက်၆နာရီခွဲတွင်လည်း နဂါးတွင်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoစက်တင်ဘာ 15, 2022
သတင်း ရေကြည်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ ဦးတာဘူးပစ်သတ်ခံရသည့်ဖြစ်စဥ်သည် ယမန်နေ့(စက်တင်ဘာ ၁၄ရက်) ညနေ ၃နာရီခန့်က ဖြစ်ခဲ့ပြီး ယခုအခါ စစ်ကောင်စီတပ်က ပုသိမ် - ရေကြည် - ဟင်္သာတ လမ်းပိုင်းတစ်လျှောက် စစ်ဆေးမှုများ တင်ကျပ်ထားသည်ဟု သတင်းရရှိသည်။ LuduNwayOoစက်တင်ဘာ 15, 2022