Connect with us

Hi, what are you looking for?

ဗီဒီယို

ယာဉ်မတော်တဆမှု ဖြစ်ခဲ့တဲ့ ယူကရိန်း သမ္မတ

ယူကရိန်းရဲ့ တန်ပြန် ထိုးစစ်ကြောင့် ရုရှားတပ်တွေဟာ ခါကော့ဗ်ပြည်နယ်ကနေ ဆုတ်ခွာခဲ့ရပြီး အရှေ့ဖျား ပိုကျတဲ့ ဒွန်းဘက်စ် ပြည်နယ်ထဲမှာ ခံစစ်အတွက် စုရုံးပြင်ဆင်နေရကြောင်းလည်း သိရပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ကိယက်ဗ်မြို့တော်မှာ သမ္မတယာဉ်တန်း ဖြတ်သန်း မောင်းနှင်နေတုန်း အိမ်စီးကား တစ်စီးက သမ္မတရဲ့ စီးတော်ယာဉ်ကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။ ဇီလန်စကီးကို ဆရာဝန် တစ်ယောက်က ကျန်းမာရေး စစ်ဆေးမှုတွေ ချက်ချင်း လုပ်ဆောင်ပေးခဲ့ပြီး ဘာပြဿနာမှ မရှိဘူးလို့ အတည်ပြုခဲ့ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရ အရာရှိ ဆာဂျီ နစ်ကီဖော်ရော့ဗ်က ပြောပါတယ်။

သမ္မတ ယာဉ်တန်းကို ဝင်တိုက်မိတဲ့ ယာဉ်မောင်းကိုလည်း အခင်းဖြစ်တဲ့ နေရာမှာ ကနဦး စစ်ဆေးကုသမှုတွေ ပြုလုပ်ပေးပြီးတဲ့နောက် ဆေးရုံကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ ယူကရိန်း ယာဉ်ထိန်းရဲ ဌာနက တာဝန်ယူ စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ ဆိုပါတယ်။

အသက် ၄၄ နှစ်အရွယ် သမ္မတ ဇီလန်စကီးဟာ ရုရှားစစ်တပ် လက်ထဲကနေ ယူကရိန်း ပြန်လည် သိမ်းယူထားရာ အစ်ဇ်ယမ်မြို့ရဲ့ ရှေ့တန်း စစ်မြေပြင်ထိ သွားရောက်စစ်ဆေးခဲ့ပြီး အပြန်မှာ အခုလို ယာဉ်မတော်တဆမှု ကြုံခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အစ်ဇ်ယမ်ကို ရောက်ရှိခဲ့တဲ့ ခရီးစဉ် အတောအတွင်း ဇီလန်စကီးဟာ ရွပ်ရွပ်ချွံချွံ အမှုထမ်းပေးခဲ့တဲ့ ယူကရိန်း စစ်သည်တွေကို ကျေးဇူးတင်စကား အလေးအနက် ပြောခဲ့ပြီး မြို့ထဲက အလံတင် အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ယူကရိန်းဟာ နိုင်ငံအရှေ့ပိုင်း နယ်မြေတွေမှာ စစ်ရေးအရ သိသိသာသာ အသာစီး ပြန်ရလာနေပြီး ရုရှားလက်ထဲ ကျရောက်နေတဲ့ နယ်မြေတွေကို ဆက်တိုက် သိမ်းယူနိုင်ခဲ့ပါတယ်။

ယူကရိန်းရဲ့ တန်ပြန် ထိုးစစ်ကြောင့် ရုရှားတပ်တွေဟာ ခါကော့ဗ်ပြည်နယ်ကနေ ဆုတ်ခွာခဲ့ရပြီး အရှေ့ဖျား ပိုကျတဲ့ ဒွန်းဘက်စ် ပြည်နယ်ထဲမှာ ခံစစ်အတွက် စုရုံးပြင်ဆင်နေရကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။