Connect with us

Hi, what are you looking for?

သတင်း

အမျိုးသမီးသတင်းထောက် မထက်ထက်ခိုင်ကို စစ်ကောင်စီထောင် ၃ နှစ်ချ

ဒီနေ့အမိန့်ချတာကတော့ စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက ၅၀၅ အမှုအတွက် စစ်ကောင်စီက ထောင်ချလိုက်တာဖြစ်တယ်လို့ မထက်ထက်ခိုင်ရဲ့မိတ်ဆွေတွေဆီကသိရပါတယ်။

ဓာတ်ပုံ − BBC Media Action Myanmar
ဓာတ်ပုံ − BBC Media Action Myanmar

ဘီဘီစီမီဒီယာရဲ့ ခံစားကြည့် ရုပ်သံအစီအစဉ်မှာ တင်ဆက်သူအဖြစ် လုပ်ကိုင်ဖူးသူ သတင်းထောက် မထက်ထက်ခိုင်ကို စစ်ကောင်စီ က ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ဒီနေ့မှာအလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ် ချလိုက်တယ်လို့သိရပါတယ်။

မထက်ထက်ခိုင်ဟာ စစ်တပ်အာဏာသိမ်းပြီး ၆ လအကြာ ၂၀၂၁ ခုနှစ် သြဂုတ်လအတွင်းက ရန်ကုန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် စစ်ကောင်စီက မထက်ထက်ခိုင်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲပါတယ်။

ဒါအပြင် NUG ရဲ့ ဖက်ဒရယ် FMမှာ စေတနာ့ဝန်ထမ်း အယ်ဒီတာအဖြစ် လုပ်ကိုင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့လည်း အမှုဖွင့်ပါသေးတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့အမိန့်ချတာကတော့ စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက ၅၀၅ အမှုအတွက် စစ်ကောင်စီက ထောင်ချလိုက်တာဖြစ်တယ်လို့ မထက်ထက်ခိုင်ရဲ့မိတ်ဆွေတွေဆီကသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ထဲ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား ကွန်ရက်တွေ စုပေါင်းပြီး သပိတ်မှောက်ကြပါတယ်။

နိုင်ငံတကာ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

Facebook